Part 48
Reborn in 1900.ဘေးနားမှာ လှုပ်လီ လှုပ်လဲ့ အသံတွေက အဆက်မပျက်ကြားနေရသည်မို့ မျက်လုံးတွေကို ဖွင့်ဖို့ မနည်းအားယူလိုက်ရသည်...။
ရောက်နေသည့်နေရာကား.....
"အဖွားစော..အင်း...ဟင်း.."
"ဘုရားရေ လူလေး! .. လူလေး နိုးပြီလား..ဖြေးဖြေးထ..ဖြေးဖြေး.."
သန့်ရှင်းရေးလာလုပ်သည့် အဖွားစောရဲ့ပြာပြာသလဲအသံ.... သျှမ့်ကို အိပ်ယာမှ ပေးထူမိသည်။
"ဦးတည်ရော.."
"သခင်လေးလား..သခင်လေးက ဒီမှာမရှိဘူးလေ လွန်ခဲ့တဲ့ ၅ရက်ထဲက မြို့ထဲက စံအိမ်ဟောင်းမှာ သွားနေနေတယ် လူလေးရဲ့.."
"လွန်ခဲ့တဲ့ ၅ရက်ဆိုတော့...ကျွန်တော် လဲနေတာ ဘယ်နှရက် ရှိပြီလဲဟင်.."
"အမလေး လူလေးရယ် အဖြစ်ဆိုးလိုက်တာ...လူလေး အိပ်ယာထဲ လဲနေတာ ၁လနီးပါးဘဲ.."
အဖွားစောခင်မျာ ပြောရင်း မျက်ရည် တစ်စမ်းစမ်းနှင့် ငိုလာသည်။
ု
"ဗျာ...!!""အောက်မှာ လူလေး မိဘတွေရော သူငယ်ချင်းတွေရော ရောက်နေကြတယ်...မှန်း အဖွား သွားခေါ်အုံးမယ်...ခဏလေးခဲ့နော်.."
အဖွားစောကတော့ မပြေးရုံတစ်မယ် ခြေလှမ်းတွေနဲ့ ပြေးထွက်သွားချေပြီ..။ သူအခုဘာတွေဖြစ်နေသည်လဲ..။ ဘာကြောင့်မှာ တစ်လနီးပါးအထိ အိပ်ယာထဲလဲနေခဲ့တာလဲ..။
ကြောင်တောင်တောင်လေးနဲ့ ဟိုကြည့်ဒီကြည့် အခန်းအား လှည့်လည်ကြည့်ရှုနေမိသည်...။
ဒီအခန်းကား ဦးတည်ရဲ့အခန်းဆိုတာ ဟိုးက နံရံမှာ ကပ်ထားတဲ့ ကြာပန်းပန်းချီကားက သက်သေဘဲထူ၏..။"ဘာတွေဖြစ်သွားတာလဲ... ငါဒီမှာ အဆုံးမသတ်ချင်ဘူး.. မချစ်ရတဲ့သူနဲ့လည်း ထပ်မနေချင်တော့ဘူး...ငါ့ ကို တယောက်လောက်ဖြစ်ဖြစ် ဒီကနေ ခေါ်သွားကြပါ..အား...ဒီမှာနေချင်ဘူး..."
.......
" အဆန်းရေ လူလေးနိုးနေပြီ..."
"ဟင်..သားငယ်ကလေ.."
"အို.. မောင်ငယ်လေး..."
အဖွားစောရဲ့ ခေါ်သံကြောင့် ဒေါ်ဆန်းတင်တို့ အူယားဖားယားပင် ပြုံးပျော်ခါ ထိုင်နေရာမှ ထလိုက်ကြသည်....
YOU ARE READING
Reborn In 1900. S1. {Complete}
RomanceZawgyi.. Rebirth ပုံစံလေးရေးမှာမို့လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ.. VVက အခုမှ ကြိုးစားပြီးအားထုတ်နေရတဲ့ Author ပေါက်စလေးပါ.. ရှေ့မှာလည်း fanfic တွေရေးထားတာမို့ အခုကတော့ အသွင်မတူတဲ့ မြန်မာ နာမည်လေးတွေနဲ့ဘဲရေးမဲ့ fic လေးဖြစ်တာကြောင့် ကိုယ့...