Unicode (Ep-5)

17.7K 1.5K 42
                                    

Uni...
Part-5   :  Reborn In 1900

_________

"မေကြီး.."

    အသံလာရာ​ တံခါးဝသို့လှမ်းအကြည့်​ တစ်ကိုယ်လုံး​ ရွှံ့တွေပေကျန်ခါ​ ကြောင်ချီးရုပ်ပေါက်နေသော​ သူမသား ..

တအ့ံတဩ​ ပါးစပ်အဟောင်းသားနှင့်ကြည့်နေသော​ အိမ်သားများ​ နှင့်​ သခင်ကြီးတို့လင်မယား​..

   သျှမ်ကတော့​ စပ်ဖြဲဖြဲ​ မျက်နှာကလေးနှင့်​ အိမ်အပေါက်ဝရှေ့မှ​ ရယ်ပြလို့..

"သားငယ်.."

    မေကြီးက​ သျှမ်​ ရပ်နေသော​ အိမ်ရှေ့အထိပြေးလာခါ​ သျှမ့်​ အား​ တစ်ကိုယ်လုံးကို​ ခေါင်းအစ​ ခြေအဆုံး​ ခြုံကြည့်သည်..။ အိမ်ထဲက​ လူသားတွေကတော့​ ပြောရမည့်စကားပင်ပျက်သွားခါ​ သျှမ့်ကိုပင်​ အာရုံစိုက် ကြည့်လို့...

"ဘာဖြစ်လာတာလဲ​ ဖိုးပြည့်ရယ်.."

" သျှမ်ညီသွေးပါဆို​ မေကြီးကလည်း.."

    ဖိုးပြည့်ဟု​ ကဗြာခေါ်လိုက်သော​ ဒေါ်ဆန်းတင်အား​ ကလေးငယ်က​ သျှမ်ညီသွေးဟုခေါ်စေရန်​ နာမည်အားထောက်ပြတော့​ မေကြီးက​ အံကြိတ်ပြသည်.. ပြီးတာနှင့်​ သခင်ကြီးတို့လင်မယား နှစ်ယောက်ဘက်လှည့်ခါ..

"အားနာစရာတွေဖြစ်ကုန်ပါပြီ.. "

" ရပါတယ်​ ရပါတယ်.. သူက​ ကလေးဘဲရှိသေးတာလေ.. အပြစ်လုပ်တက်တာမဆန်းပါဘူး.. လူကြီးတွေကနားလည်ခွင့်လွှတ်ရမှာပေါ့လေ.."

   ဆေးပေါ့လိပ်ကိုလက်ညှိုးနှင့်လက်ခလယ်ကြား၌ ညှပ်ခါ မျက်နှာထားကို တမင်ဖျော့ထားဟန်ပေါက်သည့် ဒေါ်နန်းထိပ်ထားရဲ့စကားက​ အားပေးသည်လား​ ရှုံ့ချသည်လား​ ဆိုတာ​ သျှမ်ကောင်းကောင်းကြီးသိပါသည်.. မေမေတို့​ ကတော့​လူရိုးလူအေးမို့​ ထိုမိန်းမကြီး​ ဘာကိုဆိုလိုပြီးခိုင်းနှိုင်းသလဲဆိုတာတော့​ သိလိမ့်မည်မဟုတ်ပါ..။

    သျှမ်​ သက်ပြင်းလေးချခါ​ ခေါင်းလေးစောင်းရင်း​ စော်ဘွားမကြီးအား​ တစ်ချက်ရုပ်သေနှင့်ပြန်ကြည့်ပေးလိုက်သည်.. ထိုမိန်းမကတော့​ အံကိုကြိတ်ခဲခါ​ သျှမ်နဲ့အကြည့်ချင်းလွှဲလိုက်လေသည်.. ပြီးတာနှင့်​ မမငယ်အားပြုံးပြခါ.. မေကြီးထံအကြည့်ပို့သည်..

Reborn  In  1900. S1. {Complete}Where stories live. Discover now