Zawgyi (Ep.35)

2.4K 375 23
                                    

Zawgyi...

"ဆိုတော့ကာ..မမက ဘယ်မျိုးရိုးကလည်း..ဘယ်လောက်ထိချမ်းသာလဲဟင်.."

ရုတ်တရက်ဆန်သော နှိမ်ချင်သော ခင်သီ့ အမေးက တမင်မေးဟန်သော မေးခွန်းဖြစ်ရာတည်..။

"ဟင်...ဘာကို..."

"အဟင်းဟင်း..တို့မေးချင်တာက ရှင် ဘယ်လိုနည်းနဲ့ ကိုကို့ ကို ချဉ်းကပ်လိုက်လေသလဲ.."

"မိန်းကလေး ခင်သီ..တို့ကို မစော်ကားပါနဲ့..."

ခင်သီက နှုတ်ခမ်းကိုရွဲ့လို့သူ့လက်ထဲက ကတ်ကြေးကို မြေပြင်ပေါ်ပစ်ကျပစ်သည်။ ပြီးလျှင်တော့ ထွေးငယ်လက်ထဲက ပန်းဖြတ်သော ကတ်ကြေးကို ဆက်ခနဲဆွဲလုယူလိုက်၏။

"အ့......အား...ကိုကိုရေ....အား.."

နှစ်ယောက်အတူတူ ခြံထဲက နှင်းဆီရုံအတွင်း ကတ်ကြေးတစ်လက်စီနှင့် ဘုရားပန်းတင်ဖို့ ပန်းလိုက်ဖြတ်နေရင်းမှ သူမက ​ထွေးငယ်ကို အတင်းဝင်တိုက်ခါ အော်လေတော့သည်။
ထွေးငယ်ကိုယ်တိုင်လည်းအနည်းငယ် လန့်ဖြန့်သွားမိသည်။

"ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲ..."

စိုင်းတည်တံ့က ကြာကန်အနားရှိနေသည်ကို မြင်လိုက်သော ခင်သီက အခုလို အားကိုးတကြီးအော်လိုက်လေသည်။

"သွေး..အား..မမထွေးငယ်ကို အပစ်မတင်ပါနဲ့နော်..မမက တမင်လုပ်လိုက်တာမဟုတ်ပါဘူး.."

ခင်သီကိုယ်တိုင် သူမရဲ့ အသားဆိုင်အား ကတ်ကြေးနှင့် ထိုးခွဲလိုက်ခြင်း..ထို့နောက် အပစ်ကို ထွေးငယ်အပေါ် တမင်ပုံချပါသည်။

အို..သူမ ရူးများနေသလား...

စိုင်းတည်တံ့က ထွေးငယ်ကို မျက်မှောင်ကြုတ်ကြည့်ပေတော့ ထွေးငယ် ခေါက်းကိုသာ တွင်တွင်ခါပြမိ၏..ယာ

"ခင်သီ..ဘာလို့ ဒီလိုစကားမျိုးပြောရက်ရပေလိမ့်..တို့မလုပ်ဘူးလေ.. "

"မမရယ် ခင့်အပစ်ပါ..ခင် မှားပါတယ်.."

ကြားထဲမှတဂျီဂျီအော်ခါ မျက်ရည်တို့နဲ့ ဗန်းပြလေတော့ စိုင်းတည်တံ့ ကိုယ်တိုင်ပင် ခင်သီ့ ဘက်ပါမိသည်။

"ထွေးငယ်..တော်စမ်း.."

"အို....." ဟု ညည်းတွားရင်း ​ထွေးငယ် အသက်ပြင်းပြင်းတစ်ချက်ရှူခါ အိမ်ထဲ ပြန်ပြေးဝင်သွားလေသည်။ထိုအခါ ခင်သီတစ်ယောက် အပြုံးတုကြီး ရင်ဝယ်ပိုက်ခါ ကျေနပ်ပီတိဖြာမိတော့သည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now