Zawgyi (Ep-8)

4.2K 843 8
                                    

Zawgyi...
Part-8 : Reborn In 1900

_________

"အဲ.. သခင်လေး​ စိုင်းတည်တံ့..."

လူအုပ်ထဲက​ လူတယောက်က​ အော်ကြီးဟစ်ကျယ်နဲ့​ အော်လိုက်သောကြောင့်​ လူအုပ်ကြီးက​ ထိပ်ထိပ်ပြာပြာဖြစ်သွားရသည်..

သခင်လေးစိုင်းတည်တံ့ဆိုတာကို​ တခါမှမမြင်ဘူးလေသော မေမေတို့ကလည်း​ ဟင်ခနဲ​ဟာခနဲ..ရွှံ့ကန်ထဲ လဲမကျစေရန် ရင်ခွင်ထဲ​ ထည့်ဖမ်းချုပ်ခါ​ ထည့်ထားသော​ ဦးတည်..

စောနက​ မမငယ်​ အကြောင်းက​ ခေါင်းထဲပြန်ပေါ်လာသဖြင့်​ သျှမ်စိတ်သည်​ မီးတောင်ပေါက်သလို​ ဒေါသတွေက​ မထိန်းနိုင်..သူ့ရင်ခွင်ထဲမှ​ လက်နဲ့တွန်းထောက်ခါ​ ကန်ကြောင့်မိပါသည်..

သခင်လေးဆိုသူရဲ့မျက်နှာကိုမော့ကြည့်တော့လည်း​မမငယ်အားကြည့်ခါ သဘောမကျသလို​ မျက်နှာ​ ... ။ မမငယ်ကတော့​ မျက်လုံးအဝိုင်းသားလေးနှင့်​ သခင်လေးဆိုသူကိုကြည့်လို့..

ထိုမျက်ဝန်း​ ... မမငယ်ကို​ ထိုမျက်ဝန်းများနှင့်ကြည့်တာ​ ကျွန်တော်နည်းနည်းမှမကြိုက်ပေ.. ဒေါသက​ ငယ်ထိပ်ကို​ တက်ဆောင့်လေပြီမို့...

____ ခွပ်​ ____

လက်က​ နယ်ကျွံခါ​ သူ့မျက်နှာသို့​ အရှိန်ပြင်းပြင်း​ ကျရောက်သွားခဲ့လေပြီ.. ဘေးက​ လူတစ်စုကတော့​ အာမေဋိတ်သံ​ မျိုးစုံကို​ ထွက်သွားလေသည်..

"မမငယ်​ ကျွန်တော်ပြောပြီးသား.. အဲ့မင်္ဂလာပွဲကိုကျွန်တော်မမြင်ချင်ဘူး.. မမငယ်ရဲ့အချစ်​ တဖက်လူရဲ့အချစ်မပါဘဲ​ လက်ထပ်ပွဲဆိုတာမျိုးရှိမလာစေချင်ဘူး.. မေကြီး​ မမကြီး​ မမငယ်​ အဲ့အိမ်ကိုသာကျွန်သွားခံလို့ကတော့​ သားအသက်နဲ့လဲပစ်လိုက်မယ်.. သားတကယ်လုပ်မှာ.."

ချိန်းခြောက်သွားလေသော​ သျှမ့်စကားကြောင့်​ မေမေကြီးတို့ကလွဲလို့​ အခြားသူများနားလည်လိမ့်မည်မဟုတ်ပါ.. သေချာတာပေါ့​ စိုင်းတည်တံ့​ ဆိုသောလူလည်း​ ဘယ်နားလည်လိမ့်မလဲ...

သူဠေးသား​ အထိုးခံလိုက်ရသဖြင့်​ ဘယ်လိုတောင်ဖြစ်သွားလိမ့်မလဲ​ ဟူသော​ အခြားသူတွေရဲ့အတွေးက​ ကျီးလှန့်စာလို​ ... အလျှိုလျှိုထွက်သွားကြလေပြီမို့​ ထိုနေရာမှာကျန်ရစ်ခဲ့သူက​ မေမေကြီးတို့သာ...

Reborn  In  1900. S1. {Complete}Where stories live. Discover now