Unicode (Ep-3)

18.9K 1.8K 22
                                    

Part-3 : Reborn In 1900.

__________

သျှမ်​ တစ်ယောက်​ အိမ်တွင်းပုန်းခဲ့သည်မှာ​ တစ်ပတ်နီးနီးရှိခဲ့ပြီမို့.. ဒဏ်ရာတွေသည်လည်း​ အတော်များများ​ သတ်သာနေခဲ့ပြီ.. အခုလည်း​ အိမ်နောက်ဖေးက​ ကွမ်းခြံထဲမှာ​ ကုလားထိုင်တစ်လုံးနဲ့​ ဇိမ်ကျခါ​ နှပ်နေ​လေသည်..

ကွမ်းခြံသည်​ ကွမ်းပင်တွေနွယ်တက်စေရန်အတွက်​ သူ့အကန့်နှင့်သူ​ ဝါးစင်ထိုးပေးခါ​ မြေကွက်လပ်ကြီး၌ စင်တွေကို​ အလျားလိုက်​ အကန့်ကန့်ပေးထားသည်.. ရေလောင်းပြီးခါစမြေဖြစ်တလဲကြောင့် ထိုနေရာလေးသည်​ ရေငွေ့ထို့နှင့်​ အေးအေးလူလူ​ နေလို့ကောင်းသည်ဆိုတာကိုတော့ အထူးဝန်ခံရမည် ထင်ပါသည်... မိုးတွင်းဘက်ဆိုလျှင်တော့ ကျွတ် အထူးသတိထား! ...ဒီကောင်တွေက ရေဆိုတဲ့နေရာတွေဆို သိပ်ကြိုက်တာ..

"အား... ပြင်းလိုက်တာ.. နေ့တိုင်း​ အိပ်လိုက်စားလိုက်နဲ့.."

"ဟဲ့ဖိုးပြည့်.."

"ဘုရားကြီး​ ကုလားမ​ ငုတ်တုပ်​..."

လျှပ်တပြက်လှမ်းခေါ်လိုက်သော​ နောက်ဖေးခြံက​ မိန်းကလေးတယောက်ရဲ့အသံကြောင့်​ ဝါးကုလားထိုင်ပေါ်အခန့်သားပတ်လပ်လှန်ကာခြေချိတ်ထိုင်နေသော​ သျှမ်သည်​ ကောင်းကင်ပေါ်သို့ထမပျံရုံတမယ်​ လေပေါ်မြောက်တက်ခါ​ အော်မိအော်ရာ​ အော်လိုက်ခြင်းကြောင့်​ ထိုမိန်းကလေးက​ တခစ်ခစ်ရယ်လေသည်..

"ဘယ်သူလဲဟ..ဘာလုပ်တာလဲ.. လန့်လို့သေတော့မယ်.."

"အမလေးဟယ်​ ငါမိနွယ်လေ.. သေမလိုဖြစ်ရာကနေ​ ပြန်နိုးလာတော့​ အတိတ်တွေလည်းမေ့​ စကားတွေပါ​ ပလုံစီအောင်ပြောလာတက်တာဘဲ​ ငါတို့ဖိုးပြည့်က.."

"ဟမ်.."

ထိုကောင်မလေးသည်​ ခါးတစ်ဝက်ထိသာ​ ခြံခက်ထားသော ဝါးခြံစည်းရိုးပေါ်လက်ထောက်လို့.. မြန်မာဝတ်စုံ​ အပြာရောင်​ချည်သားဝမ်းဆက်ကလေးနဲ့​ မျက်နှာမှာလည်း​ သနခါးအဖွေးသား​ ပါးပြင်ဖွေးဖွေးနှစ်ဖက်တွင် ပါးကွက်ကလေးနဲ့​ ကြည့်ရတာ အလွန်ပင်မျက်လုံးအေးပါသည်.. သျှမ်တချက်တော့ပြုံးပြမိပါ၏.. ။

Reborn  In  1900. S1. {Complete}Where stories live. Discover now