Zawgyi (Ep-7)

4.6K 697 31
                                    

Zawgyi..
Part-7   :  Reborn In 1900

_________

 ထရံတွေနှင့် ဝါးတိုင်တွေကိုသုံးထားသောခပ်နွမ်းနွမ်းလက်ဖက်ရည်ဆိုင်ကလေးရဲ့ ဝန်ဆောင်မှုက သိပ်မကောင်းပေမဲ့ သျှမ်သောက်နေကြ အဆင့်မြင့် ဆိုင်ကြီးတွေမှ ရသော အနံ့သင်းသင်း ကော်ဖီတို့လက်ဖက်ရည်တို့ထက် ပို၍ အရသာရှိနေသယောင်ယောင်....

သျှမ် ဝါညစ်ညစ်ဖန်ခွက်ပုလေးထဲက လက်ဖက်ရည်ကို အမြန်ကုန်သွားမည်စိုးတာကြောင့် ဇွန်သေးသေးလေးဖြင့်သာ ကညှာစစ်သောက်နေမိသည်။

"ကညှာစစ်မနေနဲ့ မြန်မြန်သောက်စမ်းကွယ်.."

စိုင်းတည်တံ့က အားမရစွာဆိုလာသည်။

"အင်းပါ သိပါတယ်.. ဒါနဲ့ ခင်ဗျားကြီးက​ ဘယ်ကဘယ်လို​ ကျုပ်ရန်ဖြစ်တဲ့နေရာရောက်လာတာလဲ.."

"ဟင် မသိပေါင်... လမ်းကြုံသွားတာနေမယ် ကိုယ်က​ ရွာလယ်ပိုင်းမှာ​ ကြာစေ့သွားယူတာ..ပြီးရင်​ စပါးစိုက်ခင်းကို​ သွားကြည့်ရအုံးမှာ.. "

"ဘာလို့လဲ.."

"ဒီရွာမှာက​ အတော်များများက​ သခင်ကြီးနဲ့​ သခင်မကြီး​ ပိုင်တာတွေကြီးဘဲလေ.."

"ဪ... "

    ပြီးတာနှင့် ပါးစပ်ထဲ မုန့်တွေ အတင်းသွပ်ရသည်။ အလုပ်မအားတဲ့သူကို ကိုယ့်ကြောင့်နဲ့ တကူးတကမဖြစ်စေလိုပါ..။

"ဖြေးဖြေးစား အလျှင်မလိုပါဘူး.."

    သျှမ်ညီသွေး​ စားနေရင်းမှ​ သူ့အား​ မော့ကြည့်လာသည်..။ အမျိုးမျိုးတက်နိုင်တဲ့လူကြီး.. သူကတော့​ လက်ဖက်ရည်ခွက်ထဲကို​ ဇွန်းသေးသေးနဲ့မွှေနောက်လို့...လက်ဖျံကြီးကြီးမှာ​ သွယ်လျသောလက်ချောင်းတွေက​ အစီအရီ.. ရှေးကျသည့် Shirt အင်္ကျီအညိုဖျေံရောင်ကိုလက်ခေါက်တင်ပြီးဝတ်ဆင်ထားသောကြောင့်​  ဖြူသောအသားသည်​ တစ်ချက်တစ်ချက်​ ဖွေးထသွားရသည်..။ နက်မှောင်ထူတန်းသော​ မျက်ခုံး​ ရှည်လျားသောမျက်တောင်​ နှာတံဆင်းဆင်း​ နှုတ်ခမ်းရဲရဲ​   မေးရိုးချွန်ချွန်တို့အား​ အသေချာ​ တစ်ခုချင်းစီကို​  အသေးစိတ်လိုက်ကြည့်ရှုနေမိသည်..

"ဘာကြည့်နေလဲ​ စားလေ.."

"အဲ့.."

   အလန့်တကြားနဲ့ဆိုတော့​ လက်ထဲက​ မုန့်က​လေးက ဖုန်ထသောမြေပြင်ထက် ပြုတ်ကျသွားလေသည်.. ဒါကို​ ခေါင်းငုံ့အနေအထားနဲ့​ သျှမ့်အား​ မျက်လွှာပင့်ခါကြည့်နေသော စိုင်းတည်တံ့ကြောင့် သျှမ့်မှာ  ရင်ထဲ​ ရေဆူအမှတ်​ 100ဒီဂရီ​  ဆဲဆီးရက် ​ တွေ​ ဖြစ်ကုန်လေပြီ..

Reborn  In  1900. S1. {Complete}Where stories live. Discover now