Unicode (Ep-54)

11.6K 901 2
                                    

ခင်သီဆိုသော မိန်းမကို သူ့အမနှစ်ယောက်နှင့် ထားခဲ့ခါ သူတို့ကတော့ နဂါးရုံဘုရားဘက်သို့ ထွက်လာခဲ့လေသည်..။

"ထိုင်လေ..."

ညောင်မုတ်ဆိတ်တို့နှင့် ပြည့်နှက်လှသော ညောင်ပင်ကြီးအနား သျှမ်က ရွေးထိုင်ခါ ဦးတည်အား လှမ်း၍ခေါ်သည်။ စိုင်းတည်တ့ံက နားရွက်ဖျားတွေ နီရဲစွာ ရှက်ကိုးရှက်ကန်းနှင့် ဝင်ထိုင်သည်။

"ဦးတည်..."

"အင်း..."

နှစ်ယောက်သား ပူးပူးကပ်ကပ် ထိုင်နေရင်းမှ သျှမ်က ဦးတည်လက်မောင်းကို လက်ကလေးနဲ့ကုတ်ခါ ခေါ်လေသည်။

"ဟို...ဦးတည်ကို ကျွန်တော် ခိုးပြေးလို့ရမလားဟင်.."

"ဟေ....."

"ဟီး....ဦးတည်ကို စိတ်မချတော့လို့ပါ.. မမငယ်က မနေ့ညကပြောတယ်သိလား.. နင်တို့ လက်ထပ်မဲ့နေကျရင် ငါက နေဖို့ထိုင်ဖို့ စီစဉ်ပေးမယ်တဲ့..."

"ဟေ အဲ့သလိုတောင်ပြောတာလား..."

"ဟုတ်တယ်ဆို.. ပြီးတော့ ဦးတည်အနားမှာ အခြားမိန်းမတွေ ရှိမနေစေချင်ဘူး.."

"သဝန်တိုတယ်ပေါ့လေ.."

"ဟုတ်တယ်..."

"ပြောပါအုံး ဘယ်လောက်ထိ သဝန်တိုတာလဲ.."

"အဆုံးအစမရှိဘဲ ဦးတည်..ဦးတည်က ရုပ်လည်းချောတယ် ပညာလည်းတက်တယ် ပြီးတော့ ချမ်းသာတယ်..အဲ့အချက်တွေကြောင့် ဦးတည်ကို လူပျိုဘဝမှာ မထားချင်တော့တာ..."

"ဟောဗျာ....ဘယ်လို ကလေးလဲ.. အခုမှ အသက်ကလေး လက်တစ်ဆစ်နဲ့ ဝါးနုက ဝါးရင့်ပတ်နေတယ်ဟုတ်လား.."

"ပတ်တယ် ပတ်တယ်.. အဲ့တော့ ဘာဖြစ်လဲ.."

"အဲ့တော့ ဘာဖြစ်လဲဟုတ်လား... တွေ့မယ်...လာခဲ့..."

ဦးတည်က သျှမ့်ပါးကို လက်ဝါးနှစ်ဖတ်ဖြင့် ဖျစ်ညှစ်ခါ ဆူထွက်လာသော နှုတ်ခမ်းလေးအား အတင်းနမ်းရှိုက်ဖို့ပြင်တော့....

"အား...မကိုက်နဲ့လေ..."

"မရဘူး ကိုက်မှာဘဲ.. လူကြီးကိုဆို အမြဲ ပြန်ပြန်ခံပြောတဲ့ အဲ့ပါးစပ် တစ်ခါလောက်လုပ်ထားအုံးမှပါ.."

Reborn  In  1900. S1. {Complete}Where stories live. Discover now