Unicode (Ep-37)

10.7K 1K 7
                                    

Part - 37 : Reborn In 1900.

.................

" မင်း...မင်း..သျှမ်..ညီ..သွေး..."

ထိုသို့ နာမည်ကို ပြတ်ပြတ်သားသား အော်ခေါ်နေသော အသံသည် သူနှင့်တစ်ခါက ရင်းနှီးခဲ့လေသောအသံဖြစ်လေသည်။

အသံလာရာ သို့လှည့်ကြည့်မိတော့...

"အယ်.....!..."

"မင်း...."

"ချီးဘဲ...ဦးတည်ကြီးဟ..."

"မင်း....မင်းဘယ်လိုလုပ်လိုက်တာလဲ.."

ကိုယ့်အား လက်ညှိုးကြီးထိုးလို့.. ထိုမျက်လုံးစိမ်းကြီးကလည်း ဝါးစားတော့မည့်အတိုင်း...သျှမ် စနှိုးစနှောင့်လေးပြုံးပြခါ ကားထဲအသာအယာ ပြန်ဝင်ထိုင်လိုက်မိသည်...

"ဦးတည်နဲ့မှ တည့်တည့်တိုးရတယ်လို့..ငါ့နှယ့်နော်.." ဟု ပါးစပ်ကလည်း ခပ်တိုးတိုး ခပ်ကြိတ်ကြိတ် ရေရွတ်မိ၏..။

"ထွက်ခဲ့..လာလာ..အခုထွက်ခဲ့.."

ကားမှန်ကို လက်ဖြင့်တဖက်ဖက်ရိုက်ခါ အပြင်မှခေါ်နေသူ ဦးတည်ကြောင့် သျှမ် ကိုယ်ကလေးလည်ခါ မမြင်ချင်ယောင်ဆောင်ရင်းကျောပေးထားမိ၏။ ပြီးတော့ခေါင်းကို ခပ်ဆက်ဆက်ကလေး ခါပြလိုက်တော့ ဦးတည်ကအော်လေတော့သည်။

"ကိုင်း မလာချင်လို့ရမလား.. မင်းလုပ်ပုံကိုကြည့်စမ်း...လာစမ်းဘာ...လုပ်ချင်ရာလုပ်ပြီးခါမှ အခုတော့ .. မင်းအခုနေဆင်းလာမလား ကိုယ်ကိုတိုင်ကားပေါ်တက်ခဲ့ရမလား.."

"အမ့်......မလာနဲ့...မေမေရေ ကယ်ပါအုံး...."
အသံပြဲကြီးနဲ့အော်တော့ အိမ်ပေါ်ကနေရောက်ချလာငည့် မေကြီးက ကားအနားအလျှင်အမြန်ချင်းကပ်သွားလေတော့သည်။

"သားငယ်လေး..."

ဖိနပ်တောင် စီးဖို့မေ့လျော့ခဲ့သည်ထင်ပါရဲ့.. သူတို့သားလေးကို တွေ့ဖို့ အိမ်အပေါ်မှအပြေးဆင်းလာကြတာ...

"မေမေကြီး...မမကြီး..."

"အမလေးသားငယ်ရယ်...မေမေဖြင့် လန့်ခါသွားတာဘဲ.. ဘယ်လိုလုပ်ပြီး..အို...ပြန်ပြောရင် လန့်လှပါပြီ.."

"မောင်ငယ်လေးရယ်..နင်တော်တော် အတက်ကောင်းတက်နေရော့သလား..."

Reborn  In  1900. S1. {Complete}Where stories live. Discover now