Unicode (Ep-51)

11.7K 899 11
                                    

part 51
Reborn in 1900.

"ဟာ...သခင်လေး.."

"ဟုတ်တယ်...ကျွန်တော် စိုင်းတည်တ့ံဘဲ.."

သူကြီးရဲ့ ရေရွတ်သံအား စိုင်းက ပြန်၍ဖြေသည်..။

"သခင်လေးက ဘယ်လိုလုပ်.."

"မျက်မြင် သက်သေ အနေနဲ့ လာပြီး ဝန်ခံတာ.."

သျှမ် အူကြောင်ကြောင်နဲ့ စိုင်းတည်တ့ံအား အသေအချာကြည့်နေမိသည်..။

"ဘာကြည့်တာလဲ.."ဟူသော လေသံကလေးနဲ့ ကလေးငယ်အား မျက်စပစ်ခါ ပြောတော့ သျှမ်က ကြောင်တောင်တောင်လေးနဲ့ ကြည့်လာပြီး အောက်နှုတ်ခမ်းလေးကိုက်ခါ မျက်ခုံးလေးတွေ ကြုတ်ထားလို့..

"ကဲ..ပြောလို့ရပြီလား သူကြီး.."

.."နေပါအုံး သခင်လေးက ဘာကိုထွက်ဆိုချင်တာလဲ."

"မင်းအသိဆုံးဘဲလေ.. မင်း ဘာကို ကျူးလွန်ခဲ့သလဲဆိုတာ"

မျိုးမြင့် မျက်ခုံးကြုတ်ခါတစ်ခုခုအားပြန်၍ စဉ်းစားနေသည်..။

"စဉ်းစားမနေနဲ့.. သက်သေကို ဘယ်သူအရင်ပြောမှာလဲ.."

"သခင်လေး သခင်လေး.. ကျွန်တော် အရင်ပြောလိုက်ပါ့မယ်."

သတိုးက ဖြောင့်ချက် ဝင်ပေးတော့ မျိုးမင်းတစ်ယောက် အာရုံစားသွားရသည်..။

"တကယ်တော့ ဖိုးပြည့် ချောက်ကမ်းပါးပေါ်က မခုံချခင်က ဒီလူ ဖို့ပြည့်ကိုတစ်ခုခု ပြောနေတာ ကျွန်တော် နွားကျောင်းရင်း ကြားခဲ့ပါတယ် သူကြီးဦးစိန်.."

"ကဲ ပြော..အဲ့တာ ဘာလဲ..မင်းကြားခဲ့တာ.."

"ဒီလူက ဖိုးပြည့်ကိုဘာလုပ်လိုက်လဲမသိဘူး. ဖိုးပြည့်က ငိုနေတယ်လေ...အဲ့နောက် အဲ့လူက ဖိုးပြည့်လက်ကို လှမ်းဆွဲပြီးခါးကိုဖတ်တော့ ဖိုးပြည့်က သူ့မျက်နှာကိုထိုးပြီး ထွက်ပြေးသွားတယ်.."

"ဒါဘဲလား.."

"ဟုတ်ပါတယ် သူကြီး.."

"ဒါဆို သခင်လေးရဲ့ ဖြောင့်ချက်ကရော.."

"ပြောလို့မသင့်တော်မှန်းသိတယ်.. အမွှေစိန်ရဲ့ အရှက်ကိုလည်း ငဲ့တဲ့အတွက်.. သူကြီးနဲ့နှစ်ယောက်ထဲ ပြောဖို့ သင့်တော်ပါ့မလား.."

Reborn  In  1900. S1. {Complete}Where stories live. Discover now