Unicode (Ep-21)

12.2K 1.1K 20
                                    


Part-21 : Reborn In 1900.

__________

ခြံ​ထဲကားရောက်လာပြီး​ သျှမ်​ အိမ်ထဲဝင်လာကတည်းက​ မျက်နှာညိုးလျော်စွာနဲ့​ ဖြစ်ပျက်နေသည်မှာ ညို့တက်ခါမှောင်မိုက်နေသော​ မိုးကောင်းကင်လို..

"သား.. သျှမ်လေး​ အဖွားနန်း​ သားအတွက်​ ငှက်ပျောဖတ်ထုပ်.. ဟင်.."

မျက်နှာမကောင်းသည့့်​ သျှမ်ညီသွေး​ ကြောင့်​ အဖွားနန်းစော​ ပြောလက်စ​ စကားတို့ပင်ပျက်ပြယ်သွားရလေသည်..။

"သား​ ပြီးရင်လာစားပါ့မယ်.."

စကားအဆုံး၌ အပြုံးလေးတစ်ပွင့်သာပြန်လည်ပေးအပ်ရင်း​ သျှမ်​ အပေါ်ထပ်ကသူ့အိပ်အခန်းထဲတန်းဝင်သွားလေသည်။ အဖွားနန်းစောကတော့​ အူလည်လည်နှင့်​ စိုင်းတည်တ့ံ​ဆီချဉ်းကပ်ခါ..

"သခင်လေး.. သျှမ်လေးကျောင်းမှာဘာဖြစ်ခဲ့လို့လဲ​ မျက်နှာလည်းမကောင်းဘူး။ "

" ဟင်.. "

စိုင်းတည်တ့ံက​ မျက်ခုံးလေးချီခါ​ နားမလည်သလို​ အဖွားနန်းအားကြည့်လေသည်..

"စောနကထိတောင်​ ရယ်မောနေကြသေးတာ.. မဟုတ်သေးပါဘူး​ ဘာများဖြစ်လို့ပါလိမ့်.."

စိုင်းတည်တ့ံ​ ရေရွတ်စွာ​ ပြောရင်း​ သျှမ့်နောက်သို့လိုက်လာခဲ့လေသည်.. အဖွားနန်းကတော့​ ထောက်ခံသလို​ လိုက်သွားကြည့်ပါအုံးဟူသော အကြည့်နှင့်သာ...

"အမွှေစိန်.. ဘာဖြစ်.. အင်.. !"

"ဟမ့်.. !! "

စိုင်းတည်တ့ံက​ သျှမ့်အခန်းထဲအဝင်​ သျှမ်သည်လည်း​ အကျႌတွေချွတ်ခါ​ ရေချိုးဖို့အလုပ် ပက်ပင်းတိုးလေသည်..။ ပိုဆိုးသည်က​ ခန္ဓာကိုယ်၌ သပတ်တစ်ထည်သည်သာ​ ဖွားဘက်တော်ကိုလုံအောင်ဖုံးပေးထားလေသည်..

"တောင်း.. တောင်းပန်ပါတယ်... "

ကြွေရုပ်လေးလိုမျိုး ဖြူဖွေးသန့်စင်သော​ အသားဆိုင်တို့သည် အဆီပိုမရှိ​ ကျစ်လျစ်သွယ်လျလို့..ယောက်ျားလား​ မိန်းမလား​ မသဲကွဲပါသော​ ထိုခန္ဓာကိုယ်သည်​အမွှေးအမျှင်မရှိ​ စင်းလုံးချော​ ကြွက်ဖြူလေးလို​..

Reborn  In  1900. S1. {Complete}Where stories live. Discover now