Unicode (Ep-28)

11.2K 1.1K 14
                                    


Part - 28 :  Reborn In 1900.

"ဒါဆို ငါတို့ မိတ်ဆွေ ဖွဲ့ရအောင်ကွာ..."

"သတိုးမောင်...မင်း..စိတ်ကော မှန်သေးရဲ့လား..ငါတို့က ထာဝရ ရန်သူတွေလေ..."

"ဟ..ရန်သူတွေကလည်း တချိန်ကျ သူငယ်ချင်းဖြစ်သွားနိုင်တာဘဲလေ..."

"ငါကတော့မထင်ဘူးနော် ..မင်းက ကလိမ်ကကျစ်ကောင်.."

"ဟ..မင်းကလည်း ဘယ်လိုကောင်လဲကွ.."

"အေး..ငါက အဲ့လိုကောင်မျိုးဘဲ..လစ်လိုက်တော့..."

"ဟမ်..လစ်..!ဘာလဲ.."

သျှမ်ကတော့ အူကြောင်ကြောင်ဖြစ်သွားသည့် သတိုးမောင်အားထားခဲ့ပြီစ အပြုံးတစ်ချက်ကိုသာ ဆင်မြန်းလို့ ကျောင်းလျှောက်လမ်းတနေရာက ထိုင်ခုံမှ ထထွက်လာခဲ့လေသည်...။

.........

ဒီနေ့ညနေ ကောလိပ်ကအပြန် မြင်းလှည်းစောင့်နေကတည်းက ကျွန်တော် အိမ်သို့မပြန်ချင်ပါ..။အိမ်လို့ပြောရအောင်လည်း ထိုစံအိမ်အား ကျွန်တော်မပိုင်ပေ...။ထိုစံအိမ်က ဦးတည်အပိုင်... ကျွန်တော်က ခဏတာ တည်းခိုသည့် သာမာန် ဧည့်သည်တယောက်...

"ဟင်း..."

"သျှမ်ရေ..နင့်အိမ်က လာမကြိုသေးဘူးလား..."

မိနွယ်ရဲ့ စကားသံကြောင့် သျှမ် နှုတ်ခမ်းလေးဆူပုတ်ခါ ခေါင်းခါပြသည်။ ကချင်ချည်လွယ်အိတ်က ကြိုးလေးတွေကိုလည်း လက်က အဆက်မပြက် ပို၍ ရှုတ်ထွေးအောင် ရောထွေးစုချည်လို့...

"လာ..ငါ့ကားနဲ့ပြန်မလား.."

"နေပါဟာ.."

"နှုတ်ခမ်းကလည်း ကြီးမေ ပြောသလို လှည်းတက်ကြိတ်မိမယ်"

"ဟာ..မိနွယ် နင်နော်..."

"ဘာလဲ ဘာလဲ.."

"သွား..မခေါ်ဘူး.."

"အံမယ် တို့မမလေးလေးစိတ်ဆိုးသွားပြီ..."

"ဟာ...န......"

တီ...တီ...

သျှမ်သည် ကားထဲ မိနွယ်အား လက်ညှိုးထိုးခါ ရန်စကားစမည်အပြု...သျှမ့် ဘယ်ဘက်ခြမ်းနားမှ ဆူညံသွားသော ကားဟွန်းသံ...

သျှမ်လှည့်ကြည့်မိတော့ ထိုကားပိုင်ရှင်ဟာ ဦးတည်...သျှမ် မမြင်ချင်ယောင်ဆောင်နေမိသည်...ဦးတည်ကတော့ လိပ်ခုံးကားလေးပေါ်မှ ဆင်းစဟန်ပြုလာတော့ သျှမ် ကဗျာကယာနဲ့ မိနွယ်ကားပေါ် အပြေးတက်မိသည်..။

Reborn  In  1900. S1. {Complete}Where stories live. Discover now