Zawgyi (Ep.30)

2.7K 415 20
                                    

Zawgyi...

" မီးပုံပွဲတဲ့လား..."

သျှမ့်မျက်လုံးကလေး အရောင်လတ်သွားသည်မှာ မျက်နှာတို့၌ စိတ်လှုပ်ရှားမှုက တဖြေးဖြေးကြီးစိုးလာနေပြီ...

စောနကကတည်းက နာရီအိမ်ကိုတကြည့်ကြည့်နှင့် သျှမ်သည် အခန်းထဲတွင်ဆောက်တည်ရာမရပေ...။

"အိုး..အဲ့လူကြီးကလည်း ဒဏ်ရာပေးလိုက် ဆေးပေးလိုက်နဲ့...ဘယ်လိုလူကြီးမှန်းမသိဘူး..ညရောက်ဖို့အတွက် ဒီမှာရင်ခုန်နေပြီ..ရင်ထဲ ဗုံးကျဲထားသလိုဘဲ.."

အိမ်နံရံ၌ ချိတ်ဆွဲထားခြင်းခံရသော လက်တစ်ဒေါင်အထိကြီးမားသည့် အိမ်ကပ်နာရီအိမ်အတွင်းမှ နာရီလက်တံကလေးသည် နေ့လည် ၃နာရီကိုသာ ညွှန်ပြပေးနေသည်။တဂျောက်ဂျောက်နဲ့ နာရီသွားသံတွေကို သျှမ်ရေတွက်ရင်း ပင်ပန်းသမျှတနေ့တာကို ကုန်ဆုံးလို့...

... ဖိုးပြည့်လေး...ကိုယ်ကလေမင်းမှမင်းဘဲ.. မင်း စကားမပြောတက်တာလေးက ကိုယ့်ကိုကယ်တင်နေတာဘဲ အဲ့တာရောသိလား..မင်းအမကတော့ထင်မှာဘဲ သူ့အမြင်မှာ ငါက မင်းကို ကူညီစောင့်ရှောက်ပေးနေတဲ့သူဆိုတာလေ.. မင်းတို့မိသားရဲ့ လက်တစ်ဖတ်ဖြစ်တဲ့ ကိုယ်က အခုချိန်မှာ ရှင်ဘုရင်တစ်ယောက်ဘဲ..မင်းကို ထိ​တွေ့ပြီးကတည်းက ကိုယ်က မိန်းက​လေးတွေနဲ့ ထပ်အ​ရောမလုပ်ချင်တော့တာဘဲ..ပြီး​တော့လေမင်းအမထွေးရီနဲ့ ငါ လက်ဆက်ပြီးရင် မင်းကို ငါ ညတိုင်း...အဟက်ဟက်...

"အား.....အား.....မထိနဲ့..ခင်ဗျား လူယုတ်မာ...."

"ဟေ့..သျှမ်ညီသွေး..ဟေ့..ထစမ်း..ဖြစ်ဖြစ်လေသလဲ..ထစမ်း ကောင်လေး.."

ယောင်ရမ်းခါ လက်တို့က အလိုအလျောက် စိုင်းတည်တံ့ရဲ့ ရင်ဘက်မှနေခါ စောင့်တွန်းပစ်လိုက်သည်။

"သွားပါ..ကြောက်လို့ပါ..သွားပါတော့.."

ကုတင်ပေါ်မှ ဖင်ထိုင်လျက်ပြုတ်ကျသွားသော စိုင်းတည်တံ့သည် ဆောင်ကလေးထွေးပွေ့ခါ မျက်ရည်လည်နေသော သျှမ့်အား ကြောင်အစွာကြည့်မိပါသည်။

"ကောင်လေး...ဘာဖြစ်တာလဲ..အိပ်မက်ဆိုးမက်လို့လား..."

ပြူးကျယ်သွားသောမျက်လုံးတို့သည် ဖင်ထိုင်လျှက် ကုတင်အောက်ကြမ်းပြင်ပေါ် ထိုင်နေသော ဦးတည်အား အံ့ဩစွာကြည့်မိသည်။အိုး သူ ဦးတည်ကို မရည်ရွယ်ဘဲ အောက်ပြုတ်ကျသွားအောင် တွန်းချမိလိုက်တာဘဲ...

Reborn  In  1900. S1. {Complete}Where stories live. Discover now