Zawgyi (Ep.33)

2.4K 411 14
                                    

Zawgyi...

"သားငယ်..မျက်နှာလည်းမကောင်းပါ့လား.."

ဒေါ်နန်းထိပ်ထားရဲ့အမေးက စိုင်းတည်တံ့ထက်ကိုပင် ပို၍မျက်နှာပျက်လှသည်..။

"မိန်းမရာ နားပူနားဆာမလုပ်စမ်းဘာနဲ့.. သားပြန်လာတာစမ်းသလား.."

ခပ်ဝဲဝဲအသံနဲ့ ဦးစိုင်းနောင်က ကျွန်းကုလားထိုင်ခုံပေါ်မှာ ရေဒီယိုခလုတ်အားလှမ်းပိတ်ရင်း ပြောလိုက်၏။

"အို..ယောက်ျားရယ် မေးတက်ရမယ် မြန်းတက်ရမယ်..နို့မို့ဆို သားအကြောင်းသိရဲ့သားနဲ့...သားက လူရိုးလူအေးကြီး..သားကို တစ်စုံတစ်ယာက်ကများ.... အနိုင်ကျင့်တာတို့... အို..မတွေးဝံ့စရာပါလား.."

ဒေါ်နန်းထိပ်ထားက တစ်စုံတစ်ယောက်ဆိုသောသူအား ထိုကောင်လေးကို သေချာပေါက်ထည့်ပြောလိုက်မှန်း စိုင်းတည်တံ့သိပါသည်..သို့သော်လည်း စိုင်းတည်တံ့က အင်းမလုပ်အဲမလုပ်သာ..

"မယ်မယ်ဘုရား..."

"အင်းပြော..."

"သားလေ..သား...ရွာမှာ တစ်လ နှစ်လလောက် စိတ်ပြေလက်ပြေနေချင်တယ်..."

"အင်း.... မိဘမျက်စိရှေ့မှာ နေတာက ပိုးလို့တောင် စိတ်ချရပါပေ့ကွယ်...ကိုင်း..သား နေနိုင်သလောက်သာနေ..အဲ့ကလေးကို မေမေကြည့်မရဘူးကွယ်.. ​ယောက်ျားလေးဖြစ်ပြီး ရှပ်ပြာပြာနဲ့ ​သေချာတယ် ဒင်းလေးက ငါ့သားလေးကို တစ်ခုခုနဲ့ခြိမ်းခြောက်လိုက်တယ်မှလား.."

"မိန်းမ မင်းအတွေးလွန်နေပြီ...အဲ့ လက်တစ်ဆုတ်စာကလေးက မင်းသား ကျားကိုးသီး စားမကုန်ကို ဘာလုပ်နိုင်မှာလဲ..."

ဦးစိုင်းနောင် ပြောသည် မှာလည်း မှန်သား...ထိုကလေးက စိုင်းတည်တံ့ထပ်ပင် ထက်ဝက်အကောင်သေးပါသည်။

"အို..ခုခေတ်က စုန်းတွေ ကဝေတွေ ခပ်ပေါပေါရယ်..ပြောမရဘူး အဲ့ကလေး စကားပြန်ပြောလာတယ်ဆိုကတည်းကမူမမှန်တာ..သူက စုန်းရောရော ကဝေရောရော အောက်လမ်းမိစ္ဆာလမ်းစဉ်ဖြစ်ရမယ်..အို..ပြောရင်းကြက်သီးတွေတောင်တဖြန်းဖြန်းထလာပြီ.."

ဦးစိုင်းနောင်က ခေါင်းကိုတွင်တွင်ခါရင်း အိပ်ခန်းထဲဝင်သွားလေသည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now