Unicode (Ep-44)

10.4K 959 0
                                    

Ep 44
Reborn in 1900.


ဇာတ်လမ်းအဆုံးသတ်တွေမှာ
ညားပြီးပေါင်းဖတ်သွားကြတဲ့
ဝတၳုတွေကို ကျွန်တော်...
မကြာခဏ ဖတ်လေ့ရှိတ၏
.....
အကြောင်းအရာတွေ
တူညီနေရင်တောင်မှ
ကျွန်တော် ကြိုက်ပါသည်။
.....
ဒါပေမဲ့..ကျွန်တော့်ဘဝသည်
ဝတၳုတစ်ပုဒ်မဟုတ်ခဲ့ဘူးဆိုတာကို
သိရှိဖို့ အတွက် အတော်ကြာအောင်
ကျွန်တော် အချိန်ပေးခဲ့ရသည်။

.....

"ဟေ့...မပြီးသေးဘူးလား မိနွယ်..ကြာလိုက်တာဟာ.."

မေမေနဲ့ မမကြီးသည် မိနွယ်ရဲ့ မိဘတွေနှင့်အတူ ဥုပုဒ်ကျောင်းသွားရန် မနက်အစောပိုင်းကတည်းက ထသွားသည်မို့ အိမ်တွင် မည်သူမှမရှိ..

ဒါ့ကြောင့်လဲ အသံကို မိုင်ကုန်တင်ခါ မိနွယ်အိမ်ရှေ့မှ အကြီးအကျယ် အော်ခေါ်လိုက်သည်..။

သျှမ့်မှာ မိနွယ်ကို စောင့်ရတာ စိတ်မရှည်တော့ပေ..လက်ထဲ ဖလားခွက်တစ်လုံးနဲ့ ဂျော်နီကမူ မြောက်ကြွမြောက်ကြွ...
ဘာလို့လဲဆိုတော့ သူမိနွယ်ကို မြန်မာ့ရိုးရာ ဓလေ့အတိုင်း ပထမဦးစွာ ရေပတ်ချင်သည်မို့...

"လာပါပြီဟယ်..."

မိနွယ်သည် သနခါးပါးကွက်ကလေးနဲ့ နှစ်ဖတ်ကျစ်,ကျစ်ဆံမြှီးလေးကို ဆီဖိရင်း အသေအချာ ထုံးကျစ်လို့....

မြန်မာဝတ်စုံ အဝါကလေးကလည်း လှိုင်လှိုင်ပွင့်သော ပိတောက်ပန်းတွေနှင့်အပြိုင် ညိုညက်သော သူမရဲ့ အသားမှာ စိုပြေလှသည်...

"ကြာလိုက်တာဟာ..."

"ဘယ်လို ဖြစ်နေလဲ.. လာပါပြီဟဲ့.. ငါလည်း မိန်းကလေးပါဟယ် ပြင်ပါရ ဆင်ပါရစေအုံး.."

"ဟ..ငါနင့်ကို ဘယ်တုန်းကမှ မိန်းကလေးလို့မမြင်မိဘူး.. နင်က မုဆိုးတစ်ပိုင်း မိန်းမတစ်ပိုင်း ဟာမကြီးလေ.."

"နင်.. ဖိုးပြည့်..."

"အောင်မာ..."

သူများအား စချင်သလို စပြိးမှ ကိုယ့်ကလှည့်လည်းကျရော အနာပေါ် တုတ် ကျသလို ဆွေ့ဆွေ့ခုန်ပြပါတော့သည်...။

Reborn  In  1900. S1. {Complete}Where stories live. Discover now