Unicode (Ep-27)

11.2K 1.1K 2
                                    


Part-27   :  Reborn In 1900.

__________

လေပြေတွေသည် ငြိမ်၏...။ပတ်ဝန်းကျင်သည်လည်း စိတ်ခြောက်ခြားဖွယ်ရာအတိ...တစ်ချက်တစ်ချက် ငါးပွက်လာသော ရေကန်လေးသည် လှိုင်းရိပ်တို့ကို တရိပ်ရိပ် ဖန်တီးလျှက်...ကိုယ်တိုင် သီဆိုနေသော အာခံတွင်းမှလာသော ​တေးသံကလေးကလည်း ခပ်လွင့်လွင့်...

စိမ်းပြာသော မျက်ခင်းပြင်သည် အနားသတ်မညီသော မိုးနဲ့မြေကို အမှီပြုခါ စိုင်းတည်တ့ံတို့ခြံဝင်းကလေး၌သာ လှလှပပတည်ရှိနေပါသည်။

ပြီးတော့... တစ်စုံတယောက်ရဲ့ လှပတဲ့ ကကွက်တွေသည်လည်း ဂန္နဝင်လက်ရာမြောက်လွန်းလှသော ရေဆေး ပန်းချီလို...

ခြေဖျားတို့ကိုထောက်ခါ ထောက်ခါ လက်တို့ကို ​ကောင်းကင်ပေါ်သို့ မြှောက်တင်ရင်း ခန္ဓာကိုယ်ကို တစ်ပတ်လည် ရိုက်ခက်လိုက်သည်..။
အချိုးအဆစ်ညီညီညာညာဖြင့် ဖန်တီးထားလေသော အနောက်တိုင်းဘဲလေးအက... ဒါ့အပြင် တည်ငြိမ်သာယာသော တေးသွားကလေးကိုပါ ညဉ်းညူလျှက်...

ဝါဿနာမြစ်ဖျားခံရာ ပင်ကိုယ်ဗီဇကလေးသည် သျှမ့်ရဲ့ ပုံစံအမှန်ကို ဖုံးကွယ်လို့မရ... စိတ်လွတ်ကိုယ်လွတ်ကနေသော ကလေးငယ်ရဲ့ဟန်ပန်သည် ပုဝါစလေး လေထဲ လွင့်မြောနေသယောင်..လွတ်လပ်ပေါ့ပါးနေတာတော့အမှန်ပါလေ...

ဒါကို ပြူတင်းပေါက်မှ ငေးကြည့်နေသူ စိုင်းတည်တ့ံ ရဲ့ မျက်နှာအမူအရာသည် သွေးမရှိတော့သလို.. ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ပါးစပ်ကြီးအဟောင်းသားနဲ့ အ့ံဩမှုပေါင်းများစွာကိုသာ ပေးစွမ်းလျှက်...

ပျော့ပြောင်းလွန်းလှသော သျှမ့် ခန္ဓာကိုယ်သည် ပုံစံသွားရာလမ်းအတိုင်း ပနံသင့်စွာ ကျော့ရှင်းနေပါသည်..။ဒါကို တစ်ခဏမျှ ဒေါသထွက်သွားသော စိုင်းရဲ့ မသေချာသော ခံစားချက်က တံခါးကိုဝုန်းခနဲပိတ်ခါ သျှမ် ရှိရာ ခြံဝန်းအတွင်း ဒုန်းဆိုင်းဆင်းလာလေသည်...။

"ရပ်စမ်း..."

တေးသွားအတိုင်း ဈာန်ဝင်စွာကနေသော သျှမ်သည် စိုင်းတည်တ့ံရဲ့ အသံပြာပြာကိုတောင် မကြားလိုက်ပါ...

Reborn  In  1900. S1. {Complete}Where stories live. Discover now