Zawgyi (Ep.42)

2.4K 381 14
                                    

Zawgyi...

"သွား..ဒီက အကောင်းနဲ့ ကားကြည့်ပေးမလို့ကို...ဟင့်..ဟင့်..."

ရှိုက်သံကလေးက တစ်ဆက်ဆက်နဲ့ ရေဆိုနေသော နှဖူးစပ်က ဆံပင်တွေသည် မျက်ရည်စတို့နှင့်အပြိုင် ရောထွေးလျှက်...

ဦးတည် ဘာလာပြောပြော သူက မခေါ်ဘူးဟူသောစတိုင်လ်နှင့် နှုတ်ခမ်းကို ထော်ထားသည်။

"အမွှေစိန်.. ချမ်းနေပြီလား..."

အတော်လေးကြာမှ ကားထဲပြန်ဝင်လာသော ဦးတည်အား သျှမ် စကားမပြောပါ...မျက်နှာကိုပင် တစ်ဖတ်သို့ လွှဲထားသေးသည်။

"ဟင်..ဘာဖြစ်လို့လဲ...မှန်းစမ်း..."

ကလေးငယ်စိတ်ဆိုးလို့ ဆိုးနေမှန်းလည်း စိုင်းတည်တံ့မသိ။
ဘာဖြစ်လို့လဲ ဆိုတာချည်း မေးနေတော့သည်..။

"အမွှေစိန် ဒီဘက် လှည့်အုံး..."

ခေါင်းကိုပင် ပို၍လှည့်ပစ်လိုက်သော သျှမ် ကြောင့် စိုင်းတည်တံ့ သတိထားမိသွားလေသည်..။

"ဟင်း...အမွှေစိန်..ဘာဖြစ်နေသလဲ.."

သက်ပြင်းချခါ စိတ်မရှည်သလို မေးလာသည်မို့ သျှမ့်ထံမှ   ကွိခနဲ ရှိုက်သံတိုးတိုး ထွက်လာသည်။

"အမွှေစိန်..ကိုယ်စိတ်မရှည်ဘူးနော်..ဘာဖြစ်သလဲ..ဒီဘက်လှည့် ပြောစမ်းကွယ်..."

ခေါင်းကလေး ခပ်ဖြေးဖြေး ဒီဘက်လှည့်လာတော့မှ စိုင်းတည်တံ့ ခပ်စိမ်းစိမ်းနဲ့ ကလေးငယ်ကိုကြည့်သည်။

"ခေါင်းမော့အုံး.."

"ဟင့်...အင့်..."

ရှိုက်သံတွေသာ ထွက်လာသည်အထိခေါင်းကိုမမော့ဘဲ ပေကပ်နေသော ကလေးငယ်က ဂျစ်တစ်တစ်နဲ့ ဆက်တိုက်ချည်း ငုံ့ထားမြဲပင်...

"ဘာလို့ ငိုသလဲ..ခေါင်းမော့စမ်းလို့.."

"....."

"ပြောနေတယ်လေ...မြန်မာစကား နားမလည်ဘူးလား"

ပြောမရသည့်အပြင်ကိုမှ ကလေးငယ်သည် စကားနားမထောင် ခေါင်းကိုပင် တစ်ဖတ်နေရာသို့ လှည့်ဖို့ပြင်နေသည်ကြောင့် စိုင်းတည်တံ့ လျှင်မြန်စွာ ကလေးငယ်မျက်နှာကို မိမိရရဖမ်းဆုတ်ပစ်လိုက်သည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now