Unicode (Ep-45)

10.8K 942 11
                                    

part 45
Reborn in 1900.

"အဟေး...ကောင်လေး အိုးမဲသုတ်လို့ စိတ်မဆိုးကြေးနော်."

"လူငယ်လေးက အိုးမဲတွေနဲ့တောင် ချစ်ဖို့ကောင်းတုန်းဘဲဟေ့.."

"ဘယ်သူ့သားလဲကွဲ့..."

စသည့် မုန်လုံးရေပေါ် လုပ်ကျွေးသည့် အန်တီမိန်းမကြီးများရဲ့အသံက ကျွန်တော့်နားထဲ ရောက်တစ်ချက် မရောက်တစ်ချက်....ဘာလို့ဆိုတော့ဘကျွန်တော့် အသိစိတ်က တစုံတယောက်ထံတွင်...

"ဟဲ့...ဘာဖြစ်နေတာလဲ.."

မိနွယ်ရဲ့အမေးအား မသိမသာ လက်တို့ရင်းဖြေသူ ဂျော်နီသည် သူတို့နဲ့ မလှမ်းမကမ်းတွင် ရှိလေသော စိုင်းတည်တ့ံအား လက်ညှိုးထိုးပြသည်။

"သျှမ်..."ဟု မိနွယ်က စိတ်ပူစွာ ခေါ်လိုက်လျှင်..

"ဟင့်အင်း ငါရတယ်...ဘာမှမဖြစ်ဘူး.."

အပြုံးလေးနဲ့ဆိုလာတော့ ထိုကောင်လေးအား သူမတို့ ပို၍ သနားစိတ်ဝင်မိသည်။

သျှမ်ညီသွေး ကိုယ်တိုင်ကိုကလည်း ထိုလူအုပ်ထဲ တိုးဝှေ့ရင်း အပျော်အား လိုက်လံရှာဖွေနေမိသည်..။

"ဟော..ဟိုမှာ..သခင်လေး လာပြီ..."

မိန်းမငယ်လေးတစ်ယောက်ရဲ့စကားကြောင့် အားလုံးကလှည့်ကြည့်လှည့်ကြည့်နှင့်...

"လာ..လာ..သခင်လေး..ဒီနှစ်တော့ နောက်ကျတယ်ရော့.."

အန်တီကြီးတစ်ဦးရဲ့စကားဆိုမှုကြောင့် စိုင်းတည်တ့ံ ပြုံးပြလေသည်...။

"ဟုတ်တယ် မမလေးမြင့်..ဒီကောင်မလေးလေ..လမ်းမှာ ဖိနပ်ပျက်လို့ ခရီး ပိုကြန့်ကြာနေတာ.."

စကားတို့အား သျှမ် နားစွင့်နေလို့ လူအုပ်ထဲမှ ဦးတည်နှင့်ပါလာသော ထိုမိန်းကလေးရဲ့ ​ခြေထောက်အားချောင်းကြည့်မိသည်...။

လူဆိုတာ တယ်လည်း စပ်စုတက်တဲ့ အမျိုးမဟုတ်လား...။ဒါပေမဲ့ အမှန်တွင်တော့  ထိုမိန်းကလေးငယ်ရဲ့ ခြေထောက်ဖွေးဖွေးတို့တွင် အလွန်တစ်ရာကြီးမားလှသော ဖိနပ်တစ်ရံရှိနေတာကို သူမြင်တွေ့လိုက်ရသည်..ထို့နောက်တစ်ဆက်တည်းမှာပင် ဦးတည်ခြေထောက်ကိုပါ လှမ်း၍ကြည့်မိလေတော့..

Reborn  In  1900. S1. {Complete}Where stories live. Discover now