Unicode (Ep-41)

10.6K 992 4
                                    

Part 41
Rebirn in 1900.

"ကျစ်...ပန်းတိုင်ရောက်ခါနီးနေမှ..ဘယ်ကကောင်ကဝင်ရှုတ်ရတာလဲမသိဘူး..ဟာကွာ...ဘယ်သူလဲမမှတ်မိလိုက်တာက ဆိုးတာဘဲ...ကျစ်.."

ထန်းတောထဲ ထန်းရည်တစ်ခွက်နဲ့ အုပ်စုဖွဲ့ ထိုင်သောက်ရင်းမှ မျိုးမြင့်ရဲ့စကားကြောင့် သူ့သူငယ်ချင်းတစ်အုပ်က ယောင်ချာချာဖြစ်သွားလေသည်။

"ဘာကိုလဲကွ..."

"ဘာ ပန်းတိုင်လဲ ယောင်းရင်းကြီး.."

"မင်းတို့ မသိပါဘူးကွာ..ငါလည်း ငါ့အပူနဲ့ငါ..."

"ဟ..မြင့်ရီနဲ့အဆင်မပြေလို့လားကွ.."

"မဟုတ်ပါဘူး..မြင့်ရီနဲ့က အဆင်ပြေတယ်..အဆင်မပြေတာ အခြားတစ်ခုပါကွာ..ဆက်မမေးနဲ့ သောက်တော့.."

မျိုးမြင့်တယောက် စိတ်ညစ်စွာနဲ့ မြေအိုးလေးထဲက ထန်းရည် အချို့ကို တစ်ကျိုက်ထဲ မော့သောက်ပစ်လိုက်သည်။

......

"ကဲ..ရောက်ပြီ..ဆင်းပေတော့........."

ကားတံခါးဖွင့်ခါ အသဲသန်ပြေးထွက်သွားသော သျှမ်သည် ဦးတည်ရဲ့စကား မပြီးဆုံးခင်အချိန်အတိုတွင်းလေးမှာဘဲ ခုန်ပေါက်ခါ ကားပေါ်မှ ဆင်းသွားတာ မျောက်လေးတစ်ကောင်လို ပေါ့ပါးသွက်လက်လျှက်...

"အဟေး...မမထွေးငယ်..."

ခြံထဲ ပန်းခူးနေသော မမထွေးငယ်သည် သူတို့ကားကလေး ခြံထဲဝင်လာတာ သတိပြုမိပုံမပေါ်ပေ...ထို့ကြောင့် သျှမ့်အော်ခေါ်သံစူးစူးကလေးက မမထွေးငယ် နားထဲ လေပင့်ချက်တို့နှင့်အတူ ဝင်ရောက်သွားသောအခါ ကိုယ်ကလေးကချာခနဲ လှည့်ကြည့်လာမိသည်..။

"ဟော..မောင်ငယ်လေး.."

"မမ..."

အပြေးဖတ်လိုက်သောကြောင့် မမထွေးငယ်ကိုယ်လေးသည် ယိုင်နဲ့သွားရပေသည်။သျှမ့်ကိုယ်ကိုမနိုင်တာကြောင့်ရော သျှမ်က အားနဲ့ ပြေးဖတ်လိုက်တာကြောင့်ရော ပါပေသည်..။

"အာ...လွမ်းလိုက်တာမှ ... မမကို တွေ့ချင်နေရောဘဲ.."

"အယ်မယ် အပိုက ဒီမယ် အသက်ရှူ ကျပ်နေပြီလေ မောင်ငယ်လေးရယ်..ဖွဖွ ဖတ်လေကွယ်.."

Reborn  In  1900. S1. {Complete}Where stories live. Discover now