Unicode (Ep- 46)

10.8K 943 2
                                    

Part 46
reborn in 1900.

"မွန်း.."

"အင်း...ပြော.."

— ဖတ် —

"ကျစ် ခြင်တအားကိုက်တာဘဲ.."

ဂျော်နီရဲ့ လက်မောင်းအား လာကိုက်နေသောခြင်အား ဖတ်ခနဲရိုက်ရင်း ပြောလာသည်။

"အဟက်..ငါကြိုမပြောဘူးလားကွ ရွာမှာ ခြင်တအားပေါပါတယ်လို့.."

အဝတ်ခေါက်ရင်း ပြောလာသော သျှမ်သည် တကယ့် လူကြီးပေါက်စလေးပင်..တစ်ပတ်နွမ်း ပုဆိုးလေးကို ကပိုပရို ဝတ်ထားသည်မှာ ရင်ခေါင်းနားအထိ...

ဒါ့အပြင် လိမေ္မာ်ရောင်ဟပ်နေသော ရေနံမီးအိမ်က အိမ်တစ်လုံးလုံးအား အလင်းရောင် ပြည့်စွမ်းအောင်မပေးနိုင်ပေ...ခပ်ဖွဲဖွဲကျသောမိုးသည်လည်း ညနေကတည်းက အဆက်မပျက်..

"ဟာ..အဲ့တာပြောမလို့ မဟုတ်ပါဘူး..မင်းကလည်း.."

— ဘက် —

ပြောပြောဆိုဆိုနဲ့ ပေါင်တလျှောက် ဝဲနေသော ခြင်တို့ကို လက်ဝါးကြီးနဲ့ ဖမ်းရိုက်လိုက်လေသည်..။သျှမ်သည် ခေါက်နေသော အဝတ်တို့ကို လက်စသတ်ခါ ဘေးတွင်အငြိမ်မနေသော ဂျော်နီ့ကို လှမ်းကြည့်သည်။

"မပြောတော့ဘူးလား..မင်းလင်ဘဲ လိုက်ရိုက်နေတာဘဲ.."

"အာ..ပြောမယ်ပြောမယ်.. မင်းနဲ့ ဟို လူကြီးရှင်က ဘယ်ကနေဘယ်လိုစသိကြတာလဲ..."

"ဘယ်က လူကြီးရှင်လဲ..."

"ငါပြောတာက ဟို.. ရွာက သခင်လေးလေ.."

"အာ......."

သံရှည်ဆွဲရင်း သျှမ့်ဘက်မှ တစ်ဆိတ်ငြိမ်ကျသွားသည်မို့ ဂျော်နီ တိတ်တိတ်ကလေး နားထောင်နေလိုက်သည်..။

"အင်း..ဘယ်က စရမှန်းတောင်မသိတော့ပါဘူးကွာ"

အရယ်တစ်ပိုင်းနဲ့ပြောနေသော သျှမ်သည် တကယ့် ရင်ထဲမှလာသော စကားမဟုတ်မှန်း ဂျော်နီသိလေသည်။

"ငါတို့နိုင်ငံမှာ ယောက်ျားအချင်းချင်း ကြိုက်တဲ့သူတွေရှိပါတယ်ကွ... နည်းနည်းတော့ ထူးစမ်းနေပေမဲ့ ငါက လက်ခံနိုင်တဲ့ လူမျိုးပါ..ဘာလို့လဲဆိုတော့ အချစ်တစ်ခုနဲ့တစ်ခုက ထိတွေ့ကြရုံဘဲလေ..ပြီးတော့ ပေါင်းသင်းယူကြတယ်.. ငါ့အမြင်မှာတော့ လူသားဆန်တယ် သဘာဝမကျပေမဲ့လို့ပေါ့"

Reborn  In  1900. S1. {Complete}Where stories live. Discover now