Unicode (Ep-17)

13.4K 1.2K 11
                                    


Part - 17 :  Reborn In 1900.

__________

"သခင်လေးခင်ဗျ.. ပြီးပြီလားမသိဘူး.. ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပါပြီ.."

    မြင်းလှည်းရထားလုံးအဆင်သင့်နှင့်စောင့်နေသော​ ဖိုးမောက်သည်​  အိမ်ထဲက​ သျှမ့်အား​ အသံပေးလေသည်...

"ဟုတ်​ အကိုဖိုးမောက်​ ပြီးပါပြီ.."

     သျှမ်က​ ပုဆိုးခပ်နုပ်နုပ်ခဲအဆင်လေးကို​ ရှပ်လက်တို​ခဲပြာရောင်လေးနှင့်တွဲဖတ်ဝတ်လျှက်​ ကချင်ရိုးရာချည်လွယ်အိပ်​အနက်လေးကို​ လွယ်ခါ​အိမ်ထဲမှအပြေးထွက်လာလေသည်...

"ဟမ်.."

    သျှမ်​ မြင်းလှည်းကြီးကို​ ခဏတာ​ ငေးမောကြည့်နေမိပါသည်.. မြင်းလှည်းပေါ်က​ ဖိုးမောက်ကတော့​ သွားလေးဖြီးပြလို့..

"မဟုတ်မှ.. ငါ​ ကောလိပ်ကို​ မြင်းလှည်းနဲ့သွားရမှာလို့တော့​ မပြောနဲ့နော်.."

    သျှမ်က​ မြင်းရထားလုံးအား​ လက်ညှိုးထိုးခါ​ ရေရွတ်တုန်းရှိသေး.. ဖိုးမောက်က​ သူ့အတွေးကိုဖြတ်ပါသည်..

"တက်လေ​ သခင်လေးရဲ့.."

"ဟမ်.. တကယ်ကြီး​ .. အဲ့ဒိ​ ကားအစုတ်ဆိုရင်တောင်​ ငါလက်ခံပါသေးတယ်.. ဒီမြင်းလှည်းကြီးကတော့မဟုတ်သေးဘူးလေ.. ငါ့ရဲ့ပြိုင်ကားလေးကိုငါပြန်သွားယူလို့ရရင်သိပ်ကောင်းမှာဘဲ.. ကျေးဇူးပြုပြီး​ ပြန်သွားယူလို့ရအောင်လုပ်ပေးပါ.. တောင်းဆိုတာပါ.."

"သခင်လေး.. ကျောင်းနောက်ကျတော့မယ်... လာလေဗျာ.. "

    သျှမ့်ရဲ့အတွေးတွေကို​ ဖိုးမောက်​ ထပ်ဖျက်စီးပါသည်.. သျှမ်ကတော့​ စပ်ဖြီးဖြီးနဲ့မျက်နှာပိုးမသေသော​  ဖိုးမောက်အား​ မျက်စောင်းခဲသည်.. တချက်တချက်​ မြင်းရဲ့ခပ်ပြင်းပြင်းနှာမှုတ်သံကြီးက​ သျှမ့်အား​ ထိပ်လန့်စေပါသည်..

ခရူး.....

" အမေ့... "

" လာပါ​ သခင်လေးရာ​ အဲ့လိုနဲ့ဘဲ​ ကျောင်းနောက်ကျနေပြီထင်တယ်.."

~မိနွယ်ဘယ်မှာလဲ​ မိနွယ်ရော​ မိနွယ်ရေ.. နင့်အိမ်ကကားလေးနဲ့ဘဲအတူသွားရအောင်လေ.. အား​ ငါဒီမြင်းလှည်းကြီးကိုစီးရင်​ မနေ့ညကစားထားတဲ့​ အစာတွေပြန်ထွက်လာလိမ့်မယ်ထင်တယ်  ~

Reborn  In  1900. S1. {Complete}Where stories live. Discover now