Final...............
ဒီဘဝက မှတ်ဉာဏ်တို့သည် ကွယ်ပြောက်သွားဖို့ အလွယ်တကူပင် ဖြတ်ပြစ်နေပြီမို့ ကျွန်တော့်ထံတွင် နောက်ထပ် ရွေးချယ်စရာမရှိတော့ချေ....
အရင်ကထက် ပိုဆိုးလာသော ဦးနှောက်သည် သျှမ်တို့ ခေတ်စကားအရဆိုရင် alzheimer (အယ်ဇိုင်းမား) ရောဂါသည်လိုမျိုး မှတ်ဉာဏ်ပေါ်တစ်လှည့် ပြောက်တလှည့်ပင်..။
ကျွန်တော့်ထံတွင် ကျွန်တော် ပိုင်ဆိုင်သော အချိန်ကား နည်းပါးလှပြီမို့.....
အကယ်၍များ....
နောင်ဘဝတွေမှာ ကျွန်တော်တို့ ပြန်ဆုံလို့ ပြန်တွေ့ကြသည်ဆိုလျှင်တောင်
အဲ့ဒိဘဝမှာ ဦးတည်က ကျွန်တော့်ကို မှတ်မိပါအုံးမလား... ကျွန်တော်ကရော ဦးတည်ဆိုတဲ့ နာမ်စားလေးကို ထပ်ပြီးခေါ်ခွင့်ရှိပါအုံးမလား..............
"ကိုယ့်ကို လက်ထပ်မယ်မှလား.."
အထူးအစမ်းကြီး ကြာပန်းတွေနှင့် လက်ထပ်ခွင့်တောင်းတဲ့ မျက်စိရှေ့က ဒီလူသည် ဘယ်သူများပါလိမ့်... အပြုံးတို့သည် စီးဆင်းနေသည့် မြစ်ရေလို အဆုံးမရှိ နက်နက်နဲနဲပြုံးထားလို့... သျှမ် ခေါင်းကလေး ကုတ်ခါ နားမလည်သလိုအပြုံးလေးနှင့် ထိုလူ့အား ပြန်မေးမိသည်။
"ဘယ်သူ...ဘယ်သူလဲခင်ဗျ..."
"ဟမ်..."
မထင်မှတ်ထားသည့် စကားကြောင့် စိုင်းတည်တ့ံစိတ်တွေ လေပေါ်မြောက်တက်သွားသယောင်ရှိ၏။
မျက်လုံးကလေးဝှေ့ခါ ဟိုကြည့်ဒီကြည့်နှင့်သျှမ်သည် စိုင်းတည်တ့ံအား လက်ရှိတွင် မှတ်မိပုံမပေါ်ပေ...။
"တကယ်မသိတာလား..အဟား..အမွှေစိန် နောက်ပြန်ပြီ..." ဟုဆိုလာသော စိုင်းရဲ့စကားက အနည်းငယ်တော့ မျက်ခုံးခပ်လှုပ်လှုပ်ရှိလှသည်။
..."မောင်ငယ်လေးရေ..."
"မမငယ်..သားဒီမှာ.."
အိမ်ထဲမှထွက်လာသော မမငယ်သည် စိုင်းတည်တ့ံကိုမြင်တာနှင့် အားနာမိသလို မျက်နှာလွဲပစ်သည်..။ပြီးမှ မျက်ရည်တို့အား ခိုးသုတ်ခါ....
"သခင်လေး အိမ်ထဲအရင်ဝင်ပါအုံးလား..."
ညနေခင်းသည် ယောက်ျားတစ်ယောက် ကြာပန်းတို့အား ကိုင်ထားသော ပုံရိပ်နှင့်အတူ နေဝင်ဆည်းဆာသည် အရင်ကထက် ပို၍ လှပနေပေမဲ့ တယောက်သောသူရဲ့ ပုံစံကြောင့် ပို၍လှပမည့်အစား အကျည်းတန်ခဲ့လေသည်..။
YOU ARE READING
Reborn In 1900. S1. {Complete}
RomanceZawgyi.. Rebirth ပုံစံလေးရေးမှာမို့လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ.. VVက အခုမှ ကြိုးစားပြီးအားထုတ်နေရတဲ့ Author ပေါက်စလေးပါ.. ရှေ့မှာလည်း fanfic တွေရေးထားတာမို့ အခုကတော့ အသွင်မတူတဲ့ မြန်မာ နာမည်လေးတွေနဲ့ဘဲရေးမဲ့ fic လေးဖြစ်တာကြောင့် ကိုယ့...