Unicode (Ep-2)

21.9K 2.1K 44
                                    


Zawgyi...
Part-2  :  Reborn In  1900.

______

    မိန်းမ​ သုံးဦးရဲ့စကားသည်​ အမှန်ကိုပင်​ ကြောက်လန့်ဖွယ်ရာ​ အခြေအနေကိုသာပေးစွမ်းလျှက်.. သျှမ်​ ဘာပြောရမှန်းမသိ​ နာကျင်နေသော​ ခေါင်းပင်​ ပို၍  နာကျင်လာသယောင်..နာကျင်မှုကြောင့် ကိုယ့်ကိုယ်ပြန်ငုံ့ကြည့်လိုက်မှ ပတ်တီးဟုယူစရသော ဝါညစ်ညစ် ပိတ်စကြမ်းများက ခြေရော လက်ရော စီးနှောင်ထားခြင်းခံရလို့...။

"ဟို​ ကျွန်တော်​ အခုဘယ်ရောက်နေတာလဲဟင်.."

"ဆရာကြီးရယ်​.. ကယ်ပါအုံး​.. ကျမ​ သားလေး​က ကျမတို့ကိုမမှတ်မိတော့ဘူးထင်တယ်.. ဟီး​ အဟင့်အဟင့်.."

     ငိုယိုနေသော​ ဤမိန်းမသားသုံးဦးကြောင့်​ သျှမ်ကိုယ်တိုင်ပင်​ အနည်းငယ်ဝမ်းနည်းမိသွားရသည့်အဖြစ်.. ဆေးဆရာကြီးကတော့ စိတ်ညစ်နေဟန်.. ခေါင်း တဗြင်းဗြင်းကုတ်လို့...။

"ဟို.. အရမ်းမငိုပါနဲ့​  အန်တီရယ်.. ကျွန်တော်က​ အန်တီတို့သားနဲ့အရမ်းတူနေလို့ဖြစ်မယ်.. "

" ဟင်.. အန်တီ......!! .. အိုကွယ်.. အမေ့သားလေး... "

" မောင်ငယ်လေးရယ်​ အဖြစ်ဆိုးလှချည်လား..ဖိုးပြည့်လေးရယ်.."

"အမလေး​ တစ်ခုဝင်တော့​ တစ်ခုထွက်တယ်ဆိုသလို.. မောင်ငယ်လေး​ စကားပြောနိုင်လို့​ ပျော်မယ်ကြံကာရွယ်သေး​ အခုတော့​ မှတ်ဉာဏ်တွေပျောက်ကုန်ပါရော့လား​ အမေရေ.. မောင်လေးကိုကယ်ပါအုံး.. "

" နေ.. နေကြပါအုံး.. ကျွန်တော်နာမည်က​  ဖိုး​ ဖိုးပြည့်.. "

" မောင်လေး​ တစ်ခုခုသတိရသွားလို့လား​ အမတို့ကိုမှတ်မိပြီလား.. "

    သျှမ်​ မျက်နှာကလေးရွံ့ကာ​ ခေါင်းရမ်းမိသည်.. ထို့နောက်​ စိတ်ခုသွားသည်မို့ မျက်လုံးက​ အိမ်ပတ်ပတ်လည်အားလိုက်လံကြည့်မိတော့မှ​ ရှေးဆန်သော​ အိမ်အပြင်အဆင်.. ကျွန်းသစ်သား​ ဗီရိုတွေ.. မီးချောင်းမရှိဘဲ​ ပြောင်သလင်းခါနေသော​ ခေါင်မိုး၌  အစုလိုက်တည်ရှိနေသော​ ကျပ်ခိုးတွေကဟိုတွဲလဲ​ ဒီတွဲလဲ.. ခေါက်တံခါးရွက်တွေသည်​ အိမ်မျက်နှာဆာ၌  ကျကျနန အိမ်ခေါင်မိုး၌သံချိတ်နှင့်အတူ လှန်တင် ချိတ်တွဲထားသည်။...

Reborn  In  1900. S1. {Complete}Where stories live. Discover now