Unicode (Ep-9)

14.9K 1.7K 29
                                    

Part-9   :  Reborn  In 1900

__________

"ဟေ့.... ဆန်းတင်.."

    ရေးကြီးသုတ်ပြာနဲ့​ စပါးကွင်းထဲ​ အပြေးရောက်ချလာသော​ မယ်ခွေး... သပတ်ကလေးခေါင်းပေါင်းလို့အပြေးအလွှား​ ရောက်ချလာလေသည်..

"ဟဲ့​ ဆန်းတင်​ရေ.. ဆန်းတင်.."

"မယ်ခွေး​ ဘာဖြစ်လာတာတုန်းဟယ်​။ နောက်များက ကျားလိုက်လို့လား"

    မေကြီးကတော့​ ဘာမှသိပုံမပေါ်​ ထမင်းစားကြတော့မည်ဖြစ်၍  တောင်းထဲမှာ​ ပါလာသောဟင်းတွေ​ ထမင်းတွေကို​ ထုတ်ခါ​ ဟိုရွှေ​့ဒီရွှေ့..ဒေါ်ခွေးကတော့​ အပြေးလာခဲ့ရလို့​ မောနေသည်ကို​ ရင်ဘက်လေးပေါ်​ လက်တင်ခါ​ အတင်းဖိကပ်ရင်း​ လေကိုဝဝရှူရှိုက်လို့..

" ဆန်း​ ဆန်းတင်​.. နင့်သား.."

     နင့်သား​  ဆိုသောအသံလည်းကြားရော​ လက်ထဲက​ အတို့ပန်းကန်လေးက​ မြေပြင်ပေါ်​ ဘုတ်ခနဲ​ ပြုတ်ကျသွားသည်.. ရင်ထဲမှာလည်း​ လှိုင်းတန်ပိုးထန်လို့..

"ဟဲ့​ ဟဲ့​ မယ်ခွေး​ ငါ့သား​.. ငါ့သား​ ဘာဖြစ်လို့တုန်း.. ပြောစမ်းပါအေ.."

"နေ.. နေပါအုံးဟဲ့​ မောရတဲ့ကြားထဲ... နင့်သားက​ အခု​ သူကြီး​ဦးစိန်​ ဝိုင်းထဲမှာ​ ထိပ်တုံးအခက်ခံထားရတယ်.."

"ဟေ.. ဘာဖြစ်တယ်.."

    ဒေါ်မယ်ခွေးက​ ရင်ဘက်ကလေး​ လက်နှင့်အဖိမပျက်.. မောတော့မောနေတုန်းထင်ပါရဲ့..

"ငါတို့ရွာကပြောင်းသွားတဲ့​ လှမောင်ရဲ့ညီသတိုးမောင်နဲ့​  အတူတူ...... "

     ပြောတဲ့စကားမဆုံးသေးပါဘဲ​ ဒေါ်ဆန်းတင်​ ရွာထဲသို့​ အပြေးဝင်လာလေသည်.. နေပူကြီးထဲ​ ခေါင်းအဆောင်းမပါ​ ဘာမပါနှင့်​.. စိတ်ပူနေသည်ကြောင့်​ ဖိနပ်ပင်​ ဘယ်ညာမှားစီးလို့..

.....

"သူကြီး.. သားငယ်​.. ကျမသားလေး... "

    ဝိုင်းထဲအပြေးဝင်လာသော​ မေကြီးကို​ သျှမ်မြင်တော့​ လှမ်းခေါ်ခါ​ တာ့တာပြသည်..

"ဟာ.. မေကြီး.."

     လက်ကလေးကို​ ဘယ်ညာယိမ်းလျှက်​ မျက်နှာလေးက​တော့အပြုံးမပျက်ပါ.. ဒေါ်ဆန်းတင်က​ သူ့သားကအားတက်သရောလေးလက်ယက်ပြနေသောကြောင့်​ ထိပ်တုံးအနား​ အပြေးလာမိသည်..

Reborn  In  1900. S1. {Complete}Where stories live. Discover now