Zawgyi..
Part-22 : Reborn In 1900.__________
ရုပ်ပုံကားချပ်ရှေ့မှာ လာရပ်နေသော စိုင်းတည်တံ့သည် ထိုပန်းချီကားအား ကြည့််စေချင်သည့်စိတ် မပေါ်လွင်သောကြောင့် သျှမ် နားလည်သဘောပေါက်စွာ ပြုံးပြရင်း အခန်းအပြင်ထွက်လာခဲ့သည်...
ဘယ်လိုဘဲဖြစ်ဖြစ် ထူးစမ်းသည်ဟု ခံစားနေရသောကြောင့် စိတ်ထဲ အတိမ်အကျမကောင်းပေ.. တခုခုတော့ တခုခုပင်ဖြစ်လေသည်...။
...........
" သားသားလုံးလုံး.. သားသား.. မေ့သားသား.."
သျှမ်ညီသွေးအိပ်ယာမှကမူးကတူးထခါ မျက်လုံးဖွင့်ကြည့်တော့ ပါးလေးကိုကိုင်ခါ အိပ်ယာနှိုးနေသောမာမီ့ပုံစံသည် လိုက်ကာကို နေရောင်ဖောက်သောကြောင့်မျက်နှာတို့သည် ဖြူလွစွာ ရောင်ပြန်ဟပ်နေသည်..
"ဟင်..."
"ထတော့လေ.. မာမီတို့ နောက်ကျနေပြီ.. "
" ဟင်.. ! ဘယ်ကိုလည်းမာမီ... သားဒီကို ဘယ်လို... မဖြစ်နိုင်တာ.."
"ထ.. ရေချိုးတော့...သွားရတော့မယ်မှလား.."
"ဘယ်ကိုသွားမလို့လဲဟင်.. ဘယ်ကိုသွားရမှာလဲ မာမီ.."
မာမီသည်..ပြုံးပြုံးလေးနှင့် ကုတင်ပေါ်ကဆောင်အဖြူအားခေါက်သိမ်းနေသည်.. သျှမ်ညီသွေးကတော့ ကုတင်ပေါ်ဒူးတုပ်ထိုင်ခါ သူ့အမေအား ကြောင်ကြည့်လျှက်..
" အပြင်းလေး.. ထတော့.. အူကြောင်ကြောင်လုပ်မနေနဲ့.. "
" မာမီ.. သားကိုပြောပါအုံး သားဒီကိုဘယ်လိုရောက်နေရတာလဲ.. မာမီရယ် သားကိုပြောပါအုံး.."
"ဘယ်လိုရောက်ရမှာလဲ.. မေ့သားသားကို ဘုန်းကြီးပင့်ပြီးခေါ်ထားရတာပေါ့.."
"ဗျာ...! "
မေမေသည် အပြုံးထုကြီးနဲ့ ပြုံးပြလေတော့ သျှမ် သေလောက်အောင်ကြက်သီးထသွားရလေသည်.. လိပ်ပြာတွေတောင်လွင့်မတက်ပင် ရင်ထဲဗလောင်ဆူသွားရသည်..
" ကဲ.. အခု.. မေ့သားလေးနဲ့ခွဲရတော့မယ်.. သားကောင်းကောင်းမွန်မွန်သွားနော်.. "
YOU ARE READING
Reborn In 1900. S1. {Complete}
RomanceZawgyi.. Rebirth ပုံစံလေးရေးမှာမို့လို့ အမှားပါရင်ခွင့်လွှတ်ပေးပါ.. VVက အခုမှ ကြိုးစားပြီးအားထုတ်နေရတဲ့ Author ပေါက်စလေးပါ.. ရှေ့မှာလည်း fanfic တွေရေးထားတာမို့ အခုကတော့ အသွင်မတူတဲ့ မြန်မာ နာမည်လေးတွေနဲ့ဘဲရေးမဲ့ fic လေးဖြစ်တာကြောင့် ကိုယ့...