Zawgyi (Ep-2​3)

3.3K 488 11
                                    

Zawgyi..
Part-23 : Reborn In 1900..

__________

ကားထဲ​ ငြိမ်ကုတ်၍ လိုက်ပါလာသော​ ဒင်းလေးက​ စိတ်ကောက်ပြခါ​ စကားတစ်ခွန်းပင်မပြောချေ.. အငြိမ်မနေတက်သောလူတယောက်က​ အခုလိုမျိုး ငြိမ်နေသည်ဆိုကတည်းက​ ထူးခြားနေသည်မို့​ စိုင်းတည်တံ့က​ ခြေမကိုင်မိလက်မကိုင်မိ.. ဘာကိုင်လို့ကိုင်ထားရမှန်းမသိ​ ဒင်းလေးကို​ စိတ်ပူလှပါသည်..

သက်ပြင်းလည်း​ ခဏခဏချနေသည်မို့​ ရင်ထဲစနိုးစနှောင့်​ ရှိလွန်းလှပါသည်။ဘာကိုများ​ တွေးနေသလဲဆိုတာကို​ ဘေးက​ စိုင်းတည်တံ့က​ သိပ်၍ သိချင်နေသယောင်.. မေးချင်သည့်မေးခွန်းတွေကလည်း​ ၁၀ခွန်းမက..

"ဘာဖြစ်နေတာလဲ.."

အရိုးထဲက​ ရှိသမျှအား​ အကုန်ထုတ်ခါမေးရလေသည်.. သူလေးကပြန်မဖြေ... ကားပြူတင်းပေါက်အပြင်ကိုသာ​ မေးထောက်၍ ကြည့်နေမြဲ..

..............

ညက​ မက်သည့်အိပ်မက်ကြောင့်ရော​ မနက်က​ ဆေးခါးကြောင့်ပါ​ ခေါင်းက​ ချာချာလည်နေပါသည်.. ထို​ မကောင်းသည့်အိပ်မက်ကြောင့်​ သျှမ်ညီသွေးရဲ့​ စိတ်အထွေထွေသည်​ ဆောက်တည်ရာမရ.. ဟိုတစ်စ​ သည်တစ်စနှင့်​ သောင်ပြင်ပေါ်လွှတ်သော​ ခွေးလို​ ဘယ်သွားလို့ဘယ်လားမှန်းမသိ.. သူဒီမှာနေရတာလဲပျော်သည်​ ပြီးတော့​ မာမီနဲ့ဒယ်ဒီ့ကိုလည်းလွမ်းလွန်းလှသည်.. အထူးသဖြင့်တော့.. သူသည်​ ဟိုဘက်ခေတ်မှာ​ သေသွားပြီလား​ ရှင်နေသေးတာလား​ ဆိုတာကိုဘဲ​ မသေချာ မ​ရေရာနှင့် ကြောက်အားပိုစွာ​ တွေးရင်းပင်​ စိတ်တွေကလေးလံလာမိသည်..

စိမ်းပြပြ​ သစ်ပင်တို့သည်​ ကားလမ်းတလျှောက်ရဲ့ဘေးဘီဝဲယာမှာ​ ညှို့မှောင်စိမ်းအုပ်ခါ​ ဝေဖြာနေပါသည်.. အကောင်းစား​ ခြံကွက်ကြီးတွေထဲမှာ​ လှပခိုင်ခံ့သော​ ကျွန်းပျဉ်အိမ်တွေက​ လူကို ၂ခါပြန်ကြည့်စေရအောင်​ ဆွဲဆောင်လွန်းပါသည်.. နေကထွက်လာတော့မည်.. အဖျားစအနားကိုမြင်နေရသော​ နေဝန်းနီနီသည်​ တိမ်ရဲရဲများကို​ ပံ့ပိုးပေးထားလျှက်ပင်ရှိသေးသည်.. ငှက်အချို့က​ပင် ထိုကောင်းကင်ကို​ အားပြုခါ​ အုပ်စုလိုက်အစာရှာထွက်ဖို့​ ပျံသန်းလာနေကြလေသည်..

Reborn  In  1900. S1. {Complete}Where stories live. Discover now