Reborn In 1900, s2 Intro...

10.3K 476 15
                                    

Reborn in 1900 season 2 Intro

ပြူတင်းပေါက် အခန်းစည်းအားဖြတ်ဖောက်ခါ ကျ​ရောက်နေသော ​နေရောင်ခြည်နုနုသည် တိမ်ဆိုင်တွေကြောင့် ပေါ်တလှည့် ပျောက်တလှည့်နှင့်....

သျှမ့်ကုတင် ဘေးက လူနာတင်စားပွဲခုံပေါ်တွင် သေသေသပ်သပ်ထိုးထားသော ပန်းအိုးလေးထဲက ကြာပန်းကလေးတွေက လှပစွာအပစ်ကင်းစင်နေကြသည်။

ကုတင်အားကျောမှီထိုင်ခါ ပတ်ဝန်းကျင်ကို ငေးကြည့်နေသော သျှမ်သည် အတွေးတို့အား ဆက်လက်နယ်ချဲ့လျှက်သာ....

"ငါဆေးရုံပေါ်မှာ ရှိနေတဲ့ ၄လကျော်အတွင်း ဘာအိပ်မက်တွေများ ဒီလောက်အရှည်ကြီးမက်နေခဲ့တာလဲ... ပြန်တွေးကြည့်ရင် အဖြေပြန်ထွက်မလာတဲ့ ဦးနှောက်ကြောင့် ပိုပြီးအသက်ရှူကျပ်ရတယ်..."

"ပြီးတော့လည်း ရင်ထဲမကောင်းဘူး.. တယောက်ယောက်ကို လွမ်းနေတယ်...အရာအားလုံးကို စွန့်ခွာပြီး တစ်ယောက်ထဲ ထွက်လာခဲ့ရသလိုမျိုး..ငါ့ရင်ဘက်တွေ နာကျင်နေပြန်ပြီ... ငါထင်နေခဲ့တဲ့အရာက အိပ်မက်ကော ဟုတ်ပါရဲ့လား.."

မျက်လုံးတွေကိုမှိတ်ခါ လေတွေကို တစ်ဝကြီးရှူရှိုက်လိုက်ပေမဲ့ နှာခေါင်းထဲ အီလည်လည် ခပ်ထက်ထက် ပိုးသတ်ဆေးန့ံက စူးခနဲ ဝင်ရောက်လာ၏..။

ဒါ့ကြောင့် ကုတင်ပေါ်မှထရင်း အားယူခါ ပြူတင်းပေါက်အနားသို့သွားရန် ချည်းကပ်လိုက်မိသည်။
လက်ကိုင်တန်းအား ကိုယ် မိမိရရ ဆွဲလိုက်ပါသော်လည်း ထင်ထားသည့်အရှိန်က ထိုတန်းပေါ်လက်မရောက်လိုက်ပေ...

ချက်ချင်း ယိုင်နဲ့သွားသော ခန္ဓာကိုယ်သည် ဆေးရုံကြမ်းခင်းဆီသို့သာ မိတ်ဆက်နေလေသည်...

"ဦးတည် !..."

ယောင်ယမ်းခါ ပါးစပ်ကလေးထဲမှ ထွက်သွားသောအသံနှင့်အပြိုင် ....

လူကို လာဖတ်ထားသော လက်တစ်စုံကြောင့် ကြမ်းခင်းနှင့် ကျွန်တော် မိတ်မဆက်လိုက်ရပေ... ဟူး...တော်သေးတာပေါ့.....။

ထို့နောက် ကိုယ့်အား သိုင်းဖတ်ထားသော လက်ဖျံကြီးကြီးတွေနှင့်လူသည် မေမေမဟုတ်ပေ.. မေမေသည်လည်း ဆေးရုံ၌မရှိပေ.. ထိုလူဟာ မည်သူနည်း..

"အမ်......"

ထိုသူသည် ကျွန်​တော့်အားဖတ်ထားဆဲ.....ထူထဲထဲ မျက်ခုံးတန်းတန်းရယ်.. စူးစူးရဲရဲ မျက်ဝန်းတွေရယ်...ပေါ်လွင်လွန်းလှသော နှာတံချွန်ချွန်နဲ့ ကန့်လန့်ဖြတ်ခံထားသော နှုတ်ခမ်းပါးတွေက ကြံ့ခိုင်သော မေးရိုးအလှမှာ သိသိသာသာစုံလေသည်....။

ကိုယ့်အား အတန်ကြာအောင် ငေးမေါမိအောင်လုပ်မိသူသည်

"အဟား.... စဝ်စိုင်းခမ် ပါ... မင်းရဲ့ အလှည့်ကျဆရာဝန်...."

"အာ......."

တော်ရုံနဲ့ မလွှတ်ပေးသည်ကြောင့် သူ့လက်ထဲမှ ရုံးထွက်ခဲ့ရသည်.......

သူသည် ကိုယ့်အား ပြုံးခါ ကြည့်လျှက်....
ဘာကြောင့်များ ဒီလူဟာ ကျွန်တော့်နှလုံးသားကို အလျှင်အမြန်ခုန်လာစေရတာပါလဲ..။

တူပါရဲ့.... မျက်စိရှေ့က ဒီဆရာဝန်ဟာ တစ်စုံတစ်ယောက်ရဲ့ မျက်ဝန်းတွေနှင့်ဆင်တူလှသည့် ပြီးတော့ ထိုယောက်ျားသည် နူးည့ံသော အပြုံးပိုင်ရှင်ဖြစ်၏..။ရုတ်တရက် စိတ်ထဲမှာ လုံခြုံသွားသည်ဟုပင် ခံယူနေမိပြီ....

ဤလူသားသည် မဟုတ်မှလွဲရော မဟုတ်မှ................

................................... ~~ ​မျှော်...~~...........

Season 2 အား စောင့်မျှော်ရန်
အပတ်စဉ် စနေ.တနင်္ဂနွေ.တနင်္လာ.အင်္ဂါ.။
ခေါင်းစဉ်ပြောင်းသင့် မပြောင်းသင့် ဝိုင်းစဉ်းစားကြပါအုံး
ကိုယ့်အထင်ကတော့ ပြောင်းရလိမ့်မယ်ထင်တယ်....

S2 ကို up ထားပေးပါတယ်.. complete ဖြစ်ပြီးပါပြီ💜

 complete ဖြစ်ပြီးပါပြီ💜

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: Nov 23, 2023 ⏰

Add this story to your Library to get notified about new parts!

Reborn  In  1900. S1. {Complete}Where stories live. Discover now