Zawgyi (Ep-15)

3.8K 542 1
                                    

Zawgyi..
Part-15 : Reborn In 1900

__________

ဒီနေ့အဖို့​ သျှမ့်အတွက်တော့​ နိဗ္ဗာန်ရောက်သွားသလို.. သူဦးတည်နဲ့​ စကားတွေအများကြီးပြောဖြစ်လိုက်ပါတယ်.. ဒါ့အပြင်​ ဦးတည်က​ သူ့ကို​ ရန်ကုန်ကို​ လိုက်ပို့ပေးမည်တဲ့လား.. ပျော်လွန်းလို့​ တနေ့လုံးဂနာမငြိမ်နိုင်ပါ..

ဒါ့အပြင်​ သူ့မှာနာမည်အတည်တကျရှိသွားပြီ.. သျှမ်ညီသွေး​ ဆိုတဲ့နာမည်..

"မိနွယ်.."

"ဟော​ ဟိုမှာဖိုးပြည့်မှလား.."

သျှမ်က​ မိနွယ်ဘေးက​ မိန်းကလေးတွေကို​လူလို့တောင်မထင်.. ခပ်တည်တည်လေးပင်​ မိနွယ်ဘေးသို့ရောက်ချလာလေသည်..

"အေး​ ဘာလဲ.."

"မေကြီးက​ နင့်ကိုမုန့်လာစားတဲ့.. ခေါ်ခိုင်းလိုက်လို့.."

"အင်း.. လာပြီလာပြီ.."

"ဟဲ့​ ဖိုးပြည့်.. နင်ရန်ကုန်မှာကောလိပ်သွားတက်တော့မှာဆို.."

"အေးလေ.. ငါ့တို့ကိုလည်းမေ့မသွားနဲ့အုံး​ ပညာတက်ကြီးဖြစ်သွားတယ်ဆိုပြီးတော့လေ.."

သျှမ်ကတော့စောနကလို​ မျက်နှာတည်တည်ကြီးမဟုတ်တော့ဘဲ.. ပြုံးယောင်သမ်းလာလေသည်..

" ဟုတ်ပါပြီ.. ငါဘယ်သူ့ကိုမှမမေ့ပါဘူး.. ဪ​ ပြီးတော့​ ငါ့နာမည်က​ ဖိုးပြည့်မဟုတ်တော့ဘူး.. သျှမ်ညီသွေး သျှမ်ညီသွေး..."

ကောင်မလေးတွေကတော့​ မျက်လုံးအပြူသား.. မိနွယ်ကတော့​ ကြိတ်ပြုံးပါသည်.

____________

"မေကြီး.. မမကြီး​ မမငယ်.. သားသွားတော့မယ်နော်.."

"အဟင့်​ ဟီး.. မေကြီးသားလေး​ ကျန်းမာရေးဂရုစိုက်နော်.. "

" သျှမ်လေး​ ဟိုမှာရန်မဖြစ်ရဘူးနော်​ စာကိုသာကြိုးစား.. "

" မောင်ငယ်လေး.. မမငယ်သတိရနေမယ်သိလား.. လူတိုင်းက​ ကိုယ့်လိုမဟုတ်ဘူး.. လူပေါင်းမယ်ဆိုရင်​ သေချာရွေးပြီးပေါင်း.. အနိုင်ကျင့်မခံနဲ့​ ဆရာနဲ့သာတိုင်​ ဟုတ်ပြီလား.. "

" ဟုတ်.. မှတ်ရတာနည်းနည်းများနေသလိုဘဲ​ ခဏခဏ​ မေကြီးက​ အစကနေပြန်ပြော​ သားစာအုပ်နဲ့လိုက်မှတ်မယ်.. တခုချင်းစီသေချာပြော.. "

Reborn  In  1900. S1. {Complete}Where stories live. Discover now