Zawgyi (Ep.36)

2.7K 376 8
                                    

Zawgyi...

သျှမ်တို့မောင်းထွက်လာခဲ့သော ဂျစ်ကားကလေးသည် မြေဝါလမ်းမကလေးပေါ်မှာ တစ်စီးထဲ လျှက်ပြေးနေလေသည်..။ အတော်ကြာအောက်မောင်းခဲ့ရသော ခရီးသည်လည်း ခရီးလမ်းတစ်ဝက်ကျိုးလှပြီ...။

"ဟဲ့ရောင် ဂျော်နီ...မင်းက ကားတွေဘာတွေ ကိုယ်တိုင်မောင်းလို့ပါလား.."

"အဟား..ငါက ငါ့နယ်ပယ်မှာကတည်းက မောင်းတာ.."

"အယ်မယ်...စကားနဲ့ကတော့ဟုတ်လှချည်လား.."

"ဘာလဲ..မယုံဘူးလား.."

"လက်တွေ့လေးအကောင်အထည်ဖော်ပြရင်တော့ မဆိုးလှပါဘူး.."

"ငါ့ကိုအထင်သေးတယ်ပေါ့လေ.."

"အိုးဟိုး...ငါက ကိုယ်တွေ့မှယုံတက်တဲ့ ဗီဇကလေး ပါလာလို့ပါကွာ.."

"မင်းက ငါ့ကို စိန်ခေါ်နေရအောင်မင်းကရော ကားစက်တောင်နှိုးတက်လို့လား.."

"ယုံလားတော့ မသိပေမဲ့ ငါက old date အဆင်တွေမောင်းရတာ ဝါဿနာမပါဘူး..ဒါပေမဲ့..မင်းကို ပညာတော့ပြချင်သေးတယ်.."

ထိုခေတ်အခါအရ ထိုကားသည် မော်ဒယ်မြင့်မြင့်ထဲကဘဲဖြစ်လေသည်.. ​ဂျော်နီ့ အဘိုးက အရေးပိုင်မင်းဖြစ်သည်ကြောင့် မြေးဖြစ်သူကို အချစ်ပို၍ ကားကို ဈေးကောင်းကောင်းတံဆိတ်ကောင်းကောင်းထဲကဘဲ ပို့ချထားပေလေသော ကားဖြစ်သည်..။

"ဟေ့ဟေ့ နှစ်ယောက်သား.. ပေါက်ကရတွေလုပ်မယ်တော့ စိတ်မကူးကြနဲ့..ငါတယောက်လုံး ပါသေးတာ နည်းနည်းပါးပါး သတိရပေးပါအုံး.."

ကားနောက်ခန်းထဲက မိနွယ်က ခေါင်းတစ်ခါခါ မျက်လုံးပြူး မျက်ဆံပြူးနှင့် ဟန့်တား၏ ...။ ဒါကို လျစ်လျူရှုလိုက်သော သူတို့နှစ်ဦး!

"ဘယ်သူ အရင်လဲ.."

"မင်းသဘောဘဲ..."

"မင်းက owner ဆိုတော့ ခရီးတစ်ဝက်ကို ကြိုက်သလောက်မိုင်နဲ့ပြေး ငါက နောက်ကျန်တဲ့တစ်ဝက်ကွာ .. ခရီးကလည်း ​နောက် ၃နာရီခွဲအတိကြာအုံးမှာ..တယောက် ၁နာရီခွဲနှုန်းအထိ .. okလား.."

"Ok တယ် ဟေ့ရောင်..အခုက စပြီး..."

ကားကို လီဗာ ခပ်ပြင်းပြင်းဆွဲခါ ဘေးထိုင်ခုံက သျှမ့်ကို အပြုံးနဲ့ကြည့်တော့ သျှမ်ကလည်း အလျော့မပေးလေသော အပြုံးနဲ့...

Reborn  In  1900. S1. {Complete}Where stories live. Discover now