Unicode (Ep-39)

10.7K 1K 8
                                    

Part-39 : Reborn In 1900.

.......................

"မိနွ..မိနွ..."

တိုးတိုး တိုးတိုးနဲ့ခေါ်နေသော ဂျော်နီရဲ့အသံက မိနွယ်ရဲ့ အခန်းပြူတင်းပေါက်ဆီသို့ ကျော်ဖြတ်၍ ဝင်ရောက်လာသောအခါ. မိနွယ်တယောက် ခေါင်းပြူထွက်ကြည့်မိသည်...။

"ဘာလဲ..."

"မွန်း ပြောက်နေလို့..နင့်အိမ်မှာလား.."

"မသိဘူးလေ..ငါ့အိမ်လဲမလာလေဘူး.."

"ဟုတ်လား.မွန်း အိမ်ကထွက်သွားတာ အတော်ကြာပြီ...သူဘယ်သွားတက်လဲ..ငါပြင်းလာလို့ဟာ.."

မပီကလာ ပီကလာ လေသံဝဲဝဲကို မိနွယ်တယောက် အသေချာ နားထောင်ယူရပါသည်...။

"နေအုံး ငါ အိမ်ကနေဆင်းလာခဲ့မယ်..အဲ့မှာနေ.."

ဂျော်နီ ခေါင်းကုတ် ဖင်ကုတ်နဲ့..လက်သယမ်းခါ ကွမ်းခြံက ကွမ်းရွက်နုနုတို့အား လက်ဖြင့် ဟိုဆွဲဒီဆွဲလုပ်နေမိသည်.။

"အေး ပြော..သျှမ်က အခုထိ အိမ်ပြန်မရောက်သေးဘူးလား.."

"ဟုတ်တယ်.."

"ကျစ်..ကောင်စုတ်လေး ဘယ်ကို သွားကမျဉ်းနေပြန်ပြီလဲမသိဘူး..."

............

"အား....မလုပ်နဲ့...ခင်ဗျား..."

ကိုယ်အနောက်ဖက်မှနေခါ သူခေါင်းသည် လည်တိုင်တို့ထက်၌ တရှုံ့ရှဲု့နမ်းလေသောအခါ သျှမ်ညီသွေးတစ်ယောက် တက်နိုင်သမျှအထိ ကိုယ်ကိုယ် သူ့လပ်ထဲမှ ရုန်းထွက်ရသည်။

"ခဏလေးပါ...ခဏလေးပါ...အွင်း..."

"ခွေးမသား.. မင်းကို သတ်ပစ်မယ်.."

အနောက်မှ သိုင်းချုပ်ဖတ်တင်းထားသော မျိုးမြင့်မှာ သျှမ့်ရဲ့ လက်တွေကိုပါ နည်းနည်းမှ လှုပ်မရစေရန် လိမ်ကျစ်ထားသေးသည်။ ထိုသို့ အဆက်မပျက်စွာ ရုန်းကန်နေသည့် သျှမ့်မှာ ရေထဲနစ်နေသူပမာ ရုန်းလေ ပိုနစ်လေနှင့် ကြာကြာပင် သူ့လက်ထဲမှ မရုန်းထွက်နိုင်ခဲ့.. အနည်းဆုံးတော့ သူ့လက်တွေကို တိုက်ခိုက်နည်း ဗျူဟာတွေထဲကလိုပင် နောက်ပြန်လိမ်မချိုးနိုင်အောင် ဤလူသည် အတော်သန်မာ၏..။

ဒီအတိုင်း အဲ့မျိုးမစစ်လက်ထဲ ပေးခံလိုက်ရအောင် သျှမ် မမိုက်မဲသေး.. အညးနေသောညပါးစပ်ကိုသာ အလုပ်ပေးသည့်သည့်အနေနှင့် အသံကုန်အာခေါင်ခြစ်၍ဘအော်မိသည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now