Unicode (Ep-1)

40.5K 2.2K 80
                                    

Zawgyi...
PART - 1​ : Reborn In  1900.

———————

ပီ.......

ဝီစီ မှုတ်သံတစ်ခုကြောင့်​ ဟောခန်းမကြီးတစ်ခုအတွင်း​ အနောက်တိုင်းသံစဉ်တစ်ခုနှင့်အတူ သာယာညိမ့်ညောင်းစွာ ဘဲလေးအကလေ့ကျင့်နေကြသော​ ယောက်ျားလေး​ မိန်းကလေးတိုင်းလိုလို​ ရပ်တန့်သွားကြသည်..

"ok .. ok ဒီလောက်နဲ့ဘဲနားကြမယ်.."

ထို့နောက်​ နည်းပြ​ မိန်းမတစ်ယောက်ရဲ့အသံကြောင့်​ အားလုံးက​ လှုပ်လှုပ်ယွယွနှင့်ပင် ကိုယ်စီ​ စင်အောက်သို့ဆင်းသူဆင်း​ အမောဖြေရင်းထိုင်သူထိုင်နှင့်​ ခန်းမကြီးထဲအားလုံးက​ အသက်ဝင်လျှက်ရှိနေ​သည်.. ။

" သျှမ်​လေး.. နင်​ ဘဲလေး​အက​ ကတာ​ ငါဖြင့် တကယ်သဘောကျရော။ ငါ့ ပါတနာ မင်းထက်ဆိုရင် သျှမ်လေးလောက်မှမတော်တာ.."

အဖြူရောင်ဝတ်စုံနှင့် အလွန်လှပသည့် အကခေါင်းဆောင် မမဖူးဝေက နှာခေါင်းလေးရှုံ့လို့ ဆိုလာသည်။ မင်းထက်ကလည်း မင်းထက် ခုချိန်ထိ အက ကရာတွင် ကပျက်ကချော်လုပ်ကောင်တုန်း။ ဒါကြောင့်လဲ မမဖူးဝေနှင့်မတည့်တာ..။

" ဟီး အဲ့လိုလည်း မဟုတ်ပါဘူး မမဖူးဝေရာ.."

သျှမ်ညီသွေး ထိုသို့ ပြုံးပြခါ ဖြေသိမ့်စကားလေးဆိုလေသည်။

"ဒါနဲ့​... ဒီ​ညနေ​ မမတို့နဲ့​ မြေနီကုန်းနားမှာ မာလာရှမ်းကောလိုက်စားပါလား.. "

"နေပါစေ​ မမ.. ကျွန်တော်​ ချိန်းထားတာလေးတခုရှိလို့​ သွားမှဖြစ်မှာမို့လို့ပါ.."

" ဒါဆိုလည်း​ မမတို့သွားပြီနော်.."

" ဟုတ်ကဲ့.. "

တကယ်တော့​ ဒီနေ့က​ သျှမ်ညီသွေး​နဲ့​ မင်းဆက်ပိုင်တို့ရဲ့ချစ်သူသက်တမ်း​ 1နှစ်ပြည့်​ ရှိနေလို့​ သျှမ်ငြင်းလိုက်ခြင်းဖြစ်သည်..။ အကလေ့ကျင့်သည့်​ အဝတ်တွေကိုချွတ်ခါ မနက်ကဝတ်လာသည့်​ ဝတ်စုံကိုပြန်လဲရသည်..

ကျောပိုးအိတ်ထဲထည့်လာသည့်​ ရေမွှေးကို​ ထုတ်ပြီး​ လည်တိုင်ကျော့ကျော့နားဆီအနည်းငယ်ဆွတ်ပေးရင်း​ အဝတ်အနားစလေးကိုပါဆွတ်ပေးလိုက်သည်.. စတော်ဘယ်ရီနံ့သင်းသင်းလေးက​ အမြဲဆွပ်လွန်းလို့​ သျှမ်ရဲ့ကိုယ်ပိုင်​ ရနံ့တွေလိုတောင်ဖြစ်လုနီးပါး..

Reborn  In  1900. S1. {Complete}Where stories live. Discover now