Unicode (Ep-13)

14K 1.5K 8
                                    

Part-13   :  Reborn In 1900

__________

"သျှမ်လေး.. ထပါအုံးကွယ်..မေမေကြီးရယ်​ ပြောပါအုံး.."

    မမကြီးက​ ပြာပြာသလဲ​ မြေပြင်ပေါ်​ ငုတ်တုပ်လေးထိုင်နေသော​သျှမ့်အား​ အတင်းဆွဲထူးမိပါသော်လည်း​ လေးတိလေးကန်ဖြင့်​ ပါလာသူ...

"သားငယ်လေးရယ်.. အဲ့လိုမလုပ်ပါနဲ့..မင်းမမငယ်က​ ရှေးဓလေ့ထုံးစံအရ​ ယေက္ခမအိမ်မှာ​ အဖော်သွားနေရတာပါကွယ်.. သားရယ်​ နားလည်စမ်းပါအုံး.."

    ရှေးဓလေ့.. အိုး... ဟုတ်တာပေါ့.. ငါကဘာမှမသိဘဲ​ ဘာမှနားမလည်ဘဲ​ သူတစ်ပါးမင်္ဂလာကိစ္စကို​ နှောင့်နှေးစေခဲ့ပြန်ပါပြီရော.. ငါက​ 21ရာစုက​ ခေတ်ပညာတက်လူသားဆိုတော့​ ဒါတွေဘယ်လိုလုပ်ငါနားလည်လိမ့်မလဲ..

     သျှမ်မြေပြင်ပေါ်က​ ကောက်ခါငင်ခါ​ ထရင်း​ မေကြီးနဲ့မမကြီးကို​ အားမပါသလို​ ပြုံးပြမိပါသည်...

"သားငယ်လေး​ အဆင်ပြေရဲ့လား.."

"သျှမ်လေး...."

     သျှမ်ကတော့​ ယိုင်တိယိုင်တိုင်နဲ့​ အိမ်ထဲပြန်ဝင်သွားလေပြီ... မေကြီးနဲ့မမကြီးကတော့​ တယောက်မျက်နှာတယောက်ကြည့်လျှက်...

_________

"အင်း.. မင်းနာမည်က​ ထွေးငယ်နော်.."

   ထွေးငယ်မျက်နှာက​ ပန်းနုရောင်သမ်းလျှက်.. အောက်နှုတ်ခမ်းပါးလေးအား​ သွားဖြင့်ဖိလျှက်​'အင်း' ဟုဆိုခါခေါင်းညှိမ့်ပြမိသည်..။ စိုင်းတည်တ့ံကတော့​ ကားမောင်းရင်း​ ခေါင်းတစ်ချက်ပြန်ဆက်မိပါသည်... ထွေးငယ်လေးရဲ့မျက်နှာမှာရှက်ရိပ်ကလေးခိုခါ​ အပြုံးတစ်ပွင့်ကဖြစ်ထွန်းလျှက်...

"ရွှေလမ်းငွေလမ်း​ကိစ္စက​ ဘိုးဘွားတွေရဲ့​ ဂတိသစ္စာကြောင့်​အခုလိုလုပ်တာ​ ထွေးငယ်​ သိသလစူား.."

"မေမေကြီးပြောလို့​ ထွေးငယ်​ သိထားပြီးသားပါ သခင်လေး.."

"ဒီကိစ္စက​  ကိုယ့်​မိခင်ဖြစ်သူနဲ့​ ဖခင်ဖြစ်သူရဲ့​  ဆုံးဖြတ်ချက်ပါတယ်ဆိုတာကိုရော​ ထွေးငယ်​ သိပါလေတယ်နော်.."

"ဟုတ်.. သိပါတယ်သခင်လေး.."

"ဒါဆို​ ထွေးငယ်သဘောကရော.."

Reborn  In  1900. S1. {Complete}Where stories live. Discover now