Unicode (Ep-14)

14.1K 1.3K 21
                                    

Part-14  :  Reborn In 1900

_________

မနက်မိုးလင်းထဲက​ ကြားနေရသည့်​ ဆိုင်းသံတွေဗုံသံတွေသည်​ အဝေးတနေရာမှလေပြေတွေနှင့်အတူ​ ပျံ့လွင့်လာပုံ... သျှမ်​ ခြင်ထောင်ထဲမှ​ ခေါင်းထောင်ခါအသံဆွင့်မိသည်​.. ဖွင့်ထားသော​ ပြူတင်းပေါက်အားလှမ်းကြည့်တော့​ မနက်တောင်လင်းလုဆဲဆဲ..

"အား... ဘာသံတွေလဲ.."

ခေါင်းအုံးနဲ့​ နားရွက်အားဖိအုပ်ခါ​ အိပ်ယာထဲလူးလိမ့်နေပါသည်..အိမ်အောက်မှာ​ရွတ်စိရွတ်စိအသံတွေ နဲ့ မီးဖိုကနေမီးပွါးပေါက်သည့်အသံတွေကလည်းတဖောက်ဖောက်..ဒန်အိုးဒန်ခွက်အသံတွေကိုပင်တစ်ချက်တစ်ချက်​ ကြားနေရသေးသည်..

"ဘာလဲ.. မွှေးလိုက်တာ.. ဘာအန့ံပါလဲ.. "

အိပ်ယာမှငေါက်ခနဲထထိုင်ခါ​ ခြင်ထောင်ထဲကနေ​ ကပိုကရိုထလာရင်း​ ပြူတင်းပေါက်မှ​ ငုံ့ကြည့်မိပါသည်..

"ဟင်.. ဘာတွေလုပ်နေကြတာပါလဲ.."

သျှမ်​ ရေရွတ်မိလိုက်သည်.. မီးခိုးငွေ့တွေက​ မျက်လုံးကို​ လာရိုက်ခက်နေသောကြောင့်​ သျှမ်မျက်လုံးတွေကို​ လက်နှင့်ပွတ်သပ်လိုက်မိသည်..

"မေကြီး.. ဘာတွေလုပ်နေကြတာလဲ.."

"အယ်.. သားငယ်​.. နိုးရင်လည်းဆင်းလာခဲ့တော့လေ.. လာ..မုန့်လာစားလှည့်..."

"ဟုတ်​ ဟုတ်.."

ဟုတ်ပါတယ်.. ဒီနေ့ဟာ​ ကထိန်ပေါ့​.. ကထိန်လပြည့်နေ့.. မြန်မာရိုးရာနေ့ကောင်းနေ့မြတ်ထဲကမှ​ ပျော်စရာကောင်းသော​ နေ့ကောင်းနေ့မြတ်​ လူတိုင်းရဲ့အလှူပွဲတော်လေးတစ်ခုပေါ့လေ.. အိမ်တိုင်း လူတိုင်းတော်တော်များများသည် ရွာဦးဘုန်းကြီးကျောင်းတွင် ကထိန်သင်္ကန်များကပ်လှူကြသည့် တရက်ထဲသောနေ့ကလေးပင်ဖြစ်သည်။

အိပ်မှုန်ဆုတ်ဖွားနှင့် သျှမ်တယောက်​ လှေကားထစ်ချိုးအတိုင်းအပြေးဆင်းလာပြီး​ ဇလုံတွေခွက်တွေဆွဲခါ​ မေကြီးမွှေနေသော​ ဒန်အိုးကြီးထဲက​ အုန်းနို့ခေါက်ဆွဲရည်တွေကို သရေတကျကျကြည့်လာသည်။ပြီး​တော့ ဘေးနားက မီးဖိုပေါ်တင်ထားသည့် အကြီးစားဒန်အိုးကြီးထဲတွင်လည်း သီးစုံပဲကုလားဟင်းအိုးကြီးကအန့ံတထောင်းထောင်းနှင့် သရည်ကျချင်စရာပင်..

Reborn  In  1900. S1. {Complete}Where stories live. Discover now