Zawgyi (Ep.27)

2.7K 479 6
                                    

Zawgyi...
Part-27 : Reborn In 1900.

လေပြေတွေသည် ငြိမ်၏...။ပတ်ဝန်းကျင်သည်လည်း စိတ်ခြောက်ခြားဖွယ်ရာအတိဖြစ်ခဲ့သည်။...တစ်ချက်တစ်ချက် ငါးပွက်လာသော ရေကန်လေးသည်သာ လှိုင်းရိပ်တို့ကို တရိပ်ရိပ် ဖန်တီးလျှက်ရှိ၏...။ ထို့​နောက် ကိုယ်တိုင် ဖန်တီးသီဆိုနေသော အာခံတွင်းမှလာသည့် ​တေးသံကလေးကလည်း ခပ်လွင့်လွင့်...

စိမ်းပြာသော မြက်ခင်းပြင်သည် အနားသတ်မညီသော မိုးနဲ့မြေကို အမှီသဟဲပြုခါ စိုင်းတည်တံ့တို့ခြံဝင်းကလေး၌သာ လှလှပပတည်ရှိနေပါသည်။

ပြီးတော့... တစ်စုံတယောက်ရဲ့ လှပတဲ့ ကကွက်တွေသည်လည်း ဂန္နဝင်လက်ရာမြောက်လွန်းလှသော ရေဆေး ပန်းချီ၏စုပ်ချက်တွေလို အလွန်တစ်ရာမှ လက်ရာမြောက်လွန်းသည်။...။

ခြေဖျားတို့ကိုထောက်ခါ ထောက်ခါ လက်တို့ကို ​ကောင်းကင်ပေါ်သို့ မြှောက်တင်ရင်း ခန္ဓာကိုယ်ကို တစ်ပတ်လည် ရိုက်ခက်လိုက်ပုံသည်
အချိုးအဆစ်ညီညီညာညာဖြင့် ဖန်တီးထားလေသော အနောက်တိုင်းဘဲလေးအက... ဒါ့အပြင် တည်ငြိမ်သာယာသော တေးသွားကလေးကိုပါ ညဉ်းညူလျှက်...

ဝါဿနာမြစ်ဖျားခံရာ ပင်ကိုယ်ဗီဇကလေးသည် သျှမ့်ရဲ့ ပုံစံအရင်းအမြစ်အမှန်ကို ဖုံးကွယ်လို့မရပေ...။ စိတ်လွတ်ကိုယ်လွတ်ကနေသော ကလေးငယ်ရဲ့ဟန်ပန်သည် ပုဝါစလေး လေထဲ လွင့်မြောနေသယောင်..လွတ်လပ်ပေါ့ပါးနေတာတော့အမှန်ပါလေ...

ဒါကို ပြူတင်းပေါက်မှ ငေးကြည့်နေသူ စိုင်းတည်တံ့ ရဲ့ မျက်နှာအမူအရာသည် သွေးမရှိတော့သလို.. ကြက်ကြီးလည်လိမ်ထားသကဲ့သို့ ပါးစပ်ကြီးအဟောင်းသားနှင့် အံ့ဩမှုပေါင်းများစွာကိုသာ ပေးစွမ်းလျှက်...

ပျော့ပြောင်းလွန်းလှသော သျှမ့် ခန္ဓာကိုယ်သည် ပုံစံသွားရာလမ်းအတိုင်း ပနံသင့်စွာ ကျော့ရှင်းနေပါသည်..။ဒါကို တစ်ခဏမျှ ဒေါသထွက်သွားသော စိုင်းရဲ့ မသေချာသော ခံစားချက်က တံခါးကိုဝုန်းခနဲပိတ်ခါ သျှမ် ရှိရာ ခြံဝန်းအတွင်း ဒုန်းဆိုင်းဆင်းလာလေသည်...။

"ရပ်စမ်း..."

တေးသွားအတိုင်း ဈာန်ဝင်စွာကနေသော သျှမ်သည် စိုင်းတည်တံ့ရဲ့ အသံပြာပြာကိုတောင် မကြားလိုက်ပါ...

Reborn  In  1900. S1. {Complete}Where stories live. Discover now