Unicode (Ep-38)

10.6K 978 10
                                    

Part- 38 Reborn in 1900.

"အကို..ကိုကိုနဲ့ဘယ်ကပြန်လာတာလဲဟင်..ကိုကိုကရော အိမ်ထဲမဝင်တော့ဘူးလား.."

"ဪဪ..ဒေါ်ဒေါ်တို့ဝိုင်းဆီ အလည်ခဏဝင်တာ..ကိုစိုင်းက အလုပ်ကိစ္စတွေရှိသေးလို့ အကို့ကိုလိုက်ပို့ပြီးပြန်သွားပြီ"

"ဟင်..ဒါနဲ့ဘယ်ကဒေါ်ဒေါ်လည်းဟင် အသိရှိတာလား.."

"ခင်မသိပါဘူးကွယ်..ဒါနဲ့ ခင်မှတ်မိမလားတော့မသိပေမဲ့ ခင်ငယ်ငယ်က ခင့်ကို ရွှံ့တွေနဲ့သုတ်ကဲ့ကောင်လေးလေ.. စကားမပြောတက်ဘူးလေကွာ ပါးဖောင်းဖောင်းနဲ့ ချစ်စရာလေးလေ..."

"ဟင်...ဪ...အကုန်မမှတ်မိပေမဲ့ ဝိုးတိုးဝါးတားတော့မှတ်မိတယ် အကိုရဲ့.. အဲ့ကောင်လေးပေါ့ ခင့်ကိုညစ်ပတ်အောင်လုပ်လို့ အိမ်ပြန်ရောက်တော့ မေမေဆူတာလေ.."

"အဟား ဟုတ်တယ် ဟုတ်တယ်.."

"မရယ်စမ်းပါနဲ့အကိုရယ်..ခင်အဲ့အကြောင်းပြန်တွေးရင်လေ အခုထိအဲ့ အ.အကောင်လေးကို တအားမုန်းတာဘဲ.. သူ့ကို ပိုက်ဆံနဲ့ဝယ်ပြီး ခင့်အိမ်မှာ အစေခံလုပ်ခိုင်းမယ်.."

"အို ညမလေး ခင်ကလည်းကွယ် အဲ့လို ပါးစပ်မကြမ်းရဘူးလေ..."

"ဟင်း...အကိုကလည်း ခင်ဖြစ်စေချင်တာကိုဆို ဘယ်တော့မှ အလိုမလိုက်ဘူး.."

"ဟင်း ဒီ ကလေးမလေးကတော့လေ..."

ကိုအောင်က ခေါင်းကိုတွင်တွင်ခါအောင် လှုပ်ရမ်းရင်း သူ့ညီမ ရှေ့ရေးကို တွေးတွေးပြီးပူပင်မိ၏...။ပိုဆိုးသည်က သူ့ကိစ္စပင်...ငယ်ငယ်ကတည်းက တိတ်တခိုး ခိုးခိုးကြည့်ခါ ဘယ်သူမှမသိအောင် ချစ်ခဲ့မိရပါသော ကြင်သူသက်ထားသည်လည်း ယခုအခါတွင်မူ သူငယ်ချင်းကောင်း၏ တရားဝင် ဇနီးလောင်းဖြစ်တော့မည်တဲ့လား...

"နောက်ကျသွားတယ် အထွေးလေးရယ်..ကိုယ် သိပ်သိပ်နောက်ကျသွားပါရဲ့...ကိုယ်သာ အစောကတည်းက ဝန်ခံခဲ့ရင်...ဟူး...."

ပါးစပ်မှ လေပူတစ်ချို့ကိုမှုတ်ထုတ်ရင်း ခြံဝိုင်းထဲက နှင်းဆီရုံကြီးဆီ အကြည့်ပို့မိသည်...။

......

"ကဲ..ပြောပါအုံး.."

"ဘာကိုလဲ မိနွယ်ရဲ့.."

Reborn  In  1900. S1. {Complete}Where stories live. Discover now