Unicode (Ep-16)

13.1K 1.1K 20
                                    

Part-16 : Reborn In 1900

__________

ထမင်းဝိုင်းတစ်ခုမှာ​ မွေးပျံ့သော​ ဟင်းတွေရယ်​ ကော့တက်နေတဲ့ဆန်ချောရယ်က​ ဒါဟာ​ အထက်တန်းစားလူတွေသာ​ စားနိုင်သော​ ထမင်းဝိုင်းပုံစံပင်..

"အမွှေစိန်.. ဟင်းထည့်စားလေ.."

"အဟီး.. ဘာစားရမှန်းမသိဘူး​ ရှမ်းစာတွေဆိုတော့လေ.."

ဘေးမှာယပ်တောင်ခက်ပေးနေသောအဖွားနန်းစောက​ ဟင်းတွေအား​ နာမည်ပြောပြမလို့အရှိန်ယူတုန်းရှိသေး​ စိုင်းတည်တ့ံက​ ကြားဖြတ်ခါ​ ပြောနေခြင်းကြောင့်​ အဖွားနန်းစောမှာ​ တအ့ံတဩ

"အဟမ်း.. ဒါကကြက်သားသာကူလုံး.. ဒါက.. တို့ဟူးနွေး.. ဒါကငါးပေါင်းချဉ်စပ်.. ဒါကတော့​ပဲပုတ်​ နဲ့​ ဝက်သားချဉ်​ "

"ဝါး.. ဒါနဲ့လေ ဦးတည်​ ပန်းကန်ထဲက​ ဖတ်ရွက်နဲ့ထည့်ထားတဲ့ဝါဝါကြီးကရောဟင်.."

"အဟားဟား.. ဒါကငါးထမင်းနယ်.. စားချင်လို့လား.. "

" ဟုတ်​ မြည်းကြည့်ချင်တယ်.. "

အဖွားနန်းစော​ ထပ်မံ၍ အ့ံဩရပြန်ပြီလေ.. ငယ်ငယ်ထဲက​ ကိုယ့်ပန်းကန်ထဲကထမင်းကို​ မိဘတွေတောင်အနှိုက်မခံခဲ့တာ အခုတော့​ တစိမ်းကလေးတစ်ဦးအား​ ထမင်းမျှကြွေးသည်တဲ့လား။ မျက်လုံးတွေကိုလက်တွေနဲ့သေချာပွတ်ရင်းကြည့်မိပါသည်။

" အင်း.. ကောင်းသားဘဲ.. စားချင်သေးတယ်​ ဦးတည်.."

"အဖွားစော​ ကျွန်တော့်ကို​ နောက်တစ်ပန်းကန်ထပ်လုပ်ပေးပါ.."

ကိုယ့်ရှေ့ကပန်းကန်ကိုတော့.. ကလေးဆီထိုးပေးရင်း​ အဖွားစောထမင်းထပ်ပြင်နေတာကိုစောင့်ရသည်..

"ဝက်သားချဉ်နဲ့ရောစားကြည့်.. စားကောင်းတယ်.."

ပန်းကန်ထဲထည့်ပေးလိုက်သော​ ဝက်သားချဉ်​ လေး.. စားချင်သဖွယ်ဖြစ်စေသောကြောင့်​ သျှမ်​ ပါးစပ်ထဲထည့်လိုက်တော့​ ပုဇွန်ချဉ်တို့ငါးချဉ်တို့ထက်​ ပို၍ တမူထူးစွာစားကောင်းနေသည်..

"အင်း.. အရမ်းကောင်းတယ်.."

ပါးလေးနှစ်ဖတ်​ ဖောင်းကားနေအောင်စားနေသော​ ကလေးငယ်သည်​ မစာမကြေဖြစ်မှာတောင်စိုးရိမ်ရပါသည်.. စိုင်းတည်တ့ံကတော့​ထိုကလေးစားနေတာကိုသာ​ ပြုံးပြုံးလေးကြည့်လို့..

Reborn  In  1900. S1. {Complete}Where stories live. Discover now