Zawgyi (Ep.43)

2.4K 373 2
                                    

Zawgyi...

"ဆင်း..."

"ကားကရော..."

"ထားခဲ့မယ်​လေ..."

"အင်း..."

ကားတံခါးကို ဖွင့်ဖွင့်ချင်းဘဲ မြင်လိုက်ရသည့် ရေဖွေးဖွေးတွေက နေရာမလပ် အကုန်ပြည့်လျှံလို့...

"ဝါး..ရေတွေ..."

"အင်း..ချောင်းစပ်နဲ့နီးတာကိုး ပြီးတော့ မိုးလည်း များသွားတယ်လေ...သတိထားဆင်း.."

စကားပြောနေရင်းမှ ဦးတည်ရဲ့ ဂရုစိုက်တက်မှုကို သျှမ်မြင်လိုက်ရသည်..။အပြုံးလှလှကလေးနဲ့အတူကားတံခါးအား ဖွင့်ဆင်းရင်း ခြေမျက်စိကျော်ကျော် ခြေသလုံးလယ်အထိ ရောက်လုနီးပါး ရေတွေကြောင့် ရေဆိုနေသေးသော ပုဆိုးကို ဒူးခေါင်းအထက်ထိ မလိုက်သည်...။

ဖွေးခနဲပေါ်သွားသော ပန်းနုရောင် ခြေသလုံး ၊ ဒူးခေါင်းနဲ့ ပို၍ဖြူဥသော ပေါင်သားအချို့..စိုင်းတည်တံ့ ခြေထောက်တွေပင် အလိုလို ယိုင်နဲသွားသည်..

"ဦးတည်..."

"အဟမ်း..ဘာမှမဖြစ်ဘူး..သွားသွား..မင်းသာ ချော်မလဲစေ........"

ဝုန်း__!

"ဦးတည်!..."

တံတားထိုးထားတာကို မမြင်ဘဲ ဦးတည်အား လှမ်းသတိပေးနေတာကြောင့်  ရေထဲ ခြေချော်ကျသွားသော ကလေးငယ်သည် ဦးတည်ရဲ့ စကားမှ ကြားလိုက်ပါရဲ့လားမသိ။

ပြီးတော့ ယောင်တာတောင် ဦးတည်တဲ့လား...!

ဦးတည်ကတော့ မျက်ခုံးတို့်အား ကြုတ်လျှက် ရေထဲ ဝမ်းလျားမှောက်ထိုး လေးဘက်ကြီး ကျသွားသော ကလေးငယ်ဆီ အလျှင်ပြေးသွားခါ ထူပေးသည်..

"အဟင့်...ဦးတည်..."

ပါးစပ်ထဲ ရွှံ့ရေတွေ ဝင်ကုန်ပြီမို့ လျှာလေး တစ်လစ်ထုတ်ခါ မျက်နှာကလေး ရှုံ့မဲ့လျှက်..။ ​ရေထဲ ဖင်ထိုင်လျှက်ကလေးနှင့် ကလေးငယ်သည် တစ်ကိုယ်လုံး ရွှံ့ရေတွေနှင့် ပေပွလို့...

"အော့..."

ကလေးငယ်က အော့လာပြီမို့ မျက်နှာမှာ  သရေတွေရော..နှာချေးတွေရော.. စိုင်းတည်တံ့ ဒိ့ထက်ပိုပြီး မရယ်ဘဲမနေနိုင်တော့ပေ..
တေးခံထားသမျှ ကုန်ပြီ...သူ သွားလေးဖော်ခါ ပြုံးမိသည်အထိတော့ ဖြစ်မိသည်...ပြီးတော့ ကလေးငယ် မမြင်အောင် ခိုးရယ်ရသဖြင့် ခေါင်းက ၃၆၀ ဒီဂရီ ဟိုဘက် ဒီဘက် ယိမ်းနေသည်...။

Reborn  In  1900. S1. {Complete}Where stories live. Discover now