Unicode (Ep-20)

12.3K 1.1K 8
                                    

Part-20  : Reborn In 1900

__________

    ဂျစ်ကားအမဲလေးသည်​ ပတ်ဝန်းကျင်တို့ကို​ တရွေ့ရွေ့ဖြတ်ကျော်ခါ​ ကျောင်းဆောင်အနီကြီးရှေ့တခုရှေ့၌   ရပ်လေသည်..။ ကားပေါ်မှလူနှစ်ယောက်ကတော့​ ဆင်း၍ မလာသေးပေ..

"ဆင်းတော့လေ​ ရောက်ပြီမှလား.."

"ဪ​ အင်း.."

     အတွေးနယ်လွန်နေသော​ သျှမ်သည်​ လက်မလေးအားကိုက်ခါ​ ဘေးပြူတင်းပေါက်ဘက်သို့ငေးကြည့်နေရင်းမှ​ စိုင်းတည်တ့ံအသံကြောင့် လှည့်ကြည့်ခါ​ အဖြေပြန်ပြေးမိသည်..

"ဘာလို့လဲ.. မျက်နှာလည်းမကောင်းဘူး.. ညကအိပ်မက်ကဘာဖြစ်လို့လဲ.. "

" အင်း.. ဒီအတိုင်း​ အိပ်မက်ဆိုးပါ.. "

    သျှမ်ကားပေါ်မှဆင်းတော့​  စိုင်းတည်တ့ံက​  သျှမ့်အား​ လိုက်ကြည့်သည်.. သျှမ်​  ခါးကိုကုံးချရင်း ကားပြူတင်းပေါ်လက်တင်ခါ​ ကားထဲက​ စိုင်းတည်တ့ံအား​ မျက်လုံးလေးတွေမှိတ်သွားတဲ့အထိ​ ပြုံးပြလေသည်..

" ဦးတည်.. သွားတော့မယ်နော်​ bye  bye.. "

    တာ့တာပြခါ​ နှုတ်ဆက်သွားသောသျှမ်သည်​ ကျောင်းဆောင်ကြီးထဲအပြေးဝင်သွားလေသည်.. စိုင်းတည်တ့ံကတော့​ ပြုံးပြုံးလေးနဲ့​ အမွှေစိန့်အား​ လိုက်လံကြည့်လို့..

............

"သျှမ်.. ! "

    လှမ်းခေါ်လိုက်သော​ မိနွယ်ရဲ့အသံစူးစူးလေး.. သျှမ်ကလှည့်ကြည့်တော့​ သူမဘေးတွင်​ အင်္ဂလန်သား​ဂျော်နီက​ သူ့အားလက်ပြလို့.. သျှမ်ပြန်လက်ပြရင်း​ သူတို့အနားလျှောက်လှမ်းလာလေသည်..

"ဘုရား​ အမလေး..."

    သျှမ်​.... မိနွယ်တို့အနားမရောက်ခင်​ တစ်စုံတစ်ယောက်က​ ခြေထိုးခံလိုက်သောကြောင့်​ ရှေ့သို့အရှိန်လွန်ခါ​ လဲကျတော့​ ဘေးနားက​ ရယ်သံတစ်ခုကထွက်ပေါ်လာလေသည်..

"ဟားဟားဟား..."

"ခွေးကျ​ ကျပြီ..အဟက်..."

    သျှမ်​ လေးဖက်ထောက်ခါ​ ကြမ်းပြင်ပေါ်မှ​ ထခါ​ ဖုတ်သဲခါလေသည်.. ပြီးတော့​ ဘေးက​ သူ့အားလဲကျအောင်လုပ်သည့်​ ငနွားတို့အဖွဲ့အား​ လက်သီးကျစ်ကျစ်စုတ်ခါ​ လှည့်ကြည့်လေသည်...

Reborn  In  1900. S1. {Complete}Where stories live. Discover now