Unicode (Ep-55)

12.8K 920 7
                                    

Part 55
Reborn in 1900.

"သား....အဲ့တာ ဘယ်ကိုသွားဖို့ ခြေလှမ်းပြင်အုံးမှာလဲ.."

ဒေါ်နန်းထိပ်ထားရဲ့ အသံက ခပ်ထန်ထန်ရှိလှသည်မို့ အိမ်အပြင်သို့ထွက်ရန်ပြင်နေသော စိုင်းတည်တ့ံရဲ့ ခြေလှမ်းတို့ တုန့်ခနဲ ရပ်ပစ်လိုက်ရသည်..။

"ဘယ်ကိုလဲ.."

"ဘယ်မှမဟုတ်ပါဘူးမယ်မယ်..ခြံထဲမှာ ကြာကန်သွားရှင်းမလို့ပါ..."

"ဟင်းဟင်း... သတင်းတွေကြားနေရတယ်နော်.. လက်ပူးလက်ကျပ်သာမမိစေနဲ့..မိလို့ကတော့ အဲ့ကျမှ မတရားပါဘူးမပြောလိုက်လေနဲ့... "

မယ်မယ်က ကျိန်းတော့ စိုင်းတည်တ့ံ မယ်မယ့်အား ခေါင်းလေးစောင်းခါ တလှည့်ကြည့်မိသည်..။

ဆေးဖတ်လိပ်ကို ရှိုက်ခနဲ ဖွာလိုက်သော မယ်မယ်သည် တဖန်နှုတ်ခမ်းနှစ်လွှာကြားမှ မီးခိုးငွေ့တို့ကို ပြန်၍ မှုတ်ထုတ်လေသည်။

စိုင်းတည်တ့ံတယောက်ကတော့ မယ့်မယ့်စကားအားအရေးမလုပ်ပါချေ...။တစ်သက်လုံး စကားနားထောင်သည့် သားအလိမ္မာအဖြစ် မယ်မယ် ​ကျေနပ်အောင် နေပေးခဲ့ပြီးပြီဘဲ ကျန်တာတော့ ကိုယ့်ဘဝ ကိုယ့်အပိုင်ဖြစ်သည်မို့ သိကြားမင်းဆင်း၍တားလျှင်တောင် မည်သို့မှမဖြစ်နိုင်ပါ....။

"မူတူး..."

"ဗျာ သခင်လေး..."

"ဘာလုပ်နေတာလဲ.."

"သခင်မကြီးရဲ့ကား ရေဆေးနေတာပါ.. သခင်လေးရဲ့ ကားက​တော့ အခုထိမပြီး​သေးပါဘူး ။သခင်လေးအပြင်သွားတော့မလို့လား..."

"စကားကျောရှည်လိုက်တဲ့ မူတူး..မင်းဘာဆေးများစားထားလဲ.."

"မူတူး မနက်က လက်ဖက်ရည်တစ်ခွက် စမူဆာ နှစ်ခုနဲ့ စားထားပါတယ်..."

"မူတူး ငါ စိတ်မရှည်ဘူးနော်...ကားရေဆေးတာ လက်စသတ်ပြီး အမြန် ခြံထဲလိုက်ခဲ့.."

"ဪ..ဟုတ်ဟုတ်.."

လက်ထဲကရေပုံးထဲတွင် ရေတစ်ဝက်လက်ကျန်အား ကားပေါ် ရေပြင်းပြင်းနဲ့ထိုးချခါ သခင်လေးခေါ်ရာနောက်သို့ပင် အမြန်လိုက်ရသည်..။

မူတူးရောက်တော့ သခင်လေးက ပုဆိုး ခပ်တိုတိုနဲ့ ကြာကန်ထဲတွင် ကြာပွင့်တွေအားလိုက်ချိုးနေသည်..။

Reborn  In  1900. S1. {Complete}Where stories live. Discover now