Zawgyi (Ep-12)

3.8K 630 3
                                    

Zawgyi..
Part-12 : Reborn In 1900

__________

"ဟင်..! ဒါက​ ဒါကြီးက.. ဟ. ငါ့ကို​"

ကြောက်စိတ်ပျောက်ခါ​ ဒေါသထွက်လျှင်​ ထိုအရုပ်အား​ ဒေါသထွက်လျှက်​ ထိုးမည်အပြု..

"ကောင်လေး​ မင်းဘာလုပ်တာလဲ.."

"ကျွန်တော့်ကိုလွှတ်.. ဒီအရုပ်ကို​ ထိုးရမှကြေနပ်မှာ.."

စိုင်းတည်တံ့က​ သျှမ့်အား​ ဂျိုင်းမှမကာ​ ဆွဲထားသော်လည်း​ ခြေထောက်တွေပါ​ ပါလာသော​ ကောင်လေးက​ ကလေးဆန်ဆန်ဒေါသစိတ်က​ အထိန်းအကွတ်မဲ့စွာ..

"ဟာ.. မလုပ်ရဘူးလေ.. အဲ့တာ​ ဘုရားပစ္စည်းနဲ့အတူတူဘဲ​ မလုပ်ကောင်းဘူး.. "

" ဟာ​.. လွှတ်ပေးစမ်းပါ​ တစ်ချက်လောက်​ နာနာလေး​ နားရင်းပိတ်အုပ်​ပေးလိုက်ရမှကျေနပ်မှာ.."

"အဲ့တာအရုပ်လေ​ သျှမ်ညီသွေးရယ်.. မင်းလုပ်ရင်​ မင်းလက်နာမှာပေါ့ကွ.."

"နာနာဗျာ​ လွှတ်ပါဆိုနေ.."

အတင်းရုံးကန်ခါ​ စိုင်းတည်တံ့အား​ နောက်စေ့နဲ့​ သူ့နှဖူးအား​ ရိုက်ခက်မိလေတော့​ ဆူးဆူးဝါးဝါးအသံကြီးတစ်ခု​.. သျှမ်​ ပင်​ ငြိမ်ကျသွားလေသည်...

" အား​.. ! မင်း​... သျှမ်ညီသွေး.. "

" ဟင်.. "

မီးအိမ်ခပ်ဝင်းဝင်းကြားထဲမှာ​ လှပ်ခနဲ​ မြင်လိုက်ရသော​ မျက်နှာတစ်ခု​ နှာခေါင်းတို့၌ သွေးစတို့နှင့်..

"ဟာ​ ဦးတည်​ ရရဲ့လား.. သွေး​ သွေးတွေ​ နှာခေါင်းမှာသွေးတွေ.."

"ကျစ်..."

စိုင်းတည်တံ့​ လေတွေကို​ စုပ်သပ်ရင်း​ သျှမ့်ဘေးမှ​ အလျှင်အမြန်ပင်ထွက်သွားလေသည်.. သျှမ်ကတော့​ သူဒီနေ့​ စိုင်းတည်တံ့ဆိုသောလူအား​ အားနာစရာဖြစ်မိအောင်​ အမှားလုပ်မိသည်က တစ်ခု နှစ်ခုမက..

"ဦးတည်​ ခင်ဗျား​ ရရဲ့လား.. ဘာဖြစ်သွားသေးလဲ.. "

" လက်ဖယ်.. "

သျှမ်က​ စိုင်းတည်တံ့လက်မောင်းအား ကိုင်လိုက်သောကြောင့်​ သူက​ ကိုယ်ကိုင်ထားသောလက်ကိုလက်ဖျံနှင့်​ ပုတ်ချသည်.... လေဟာနယ်တို့သည်​ အငွေ့အသက်မကောင်း​ကြောင်း ၊ သျှမ့်မျက်နှာ​ လေပူလှိုင်းတို့ထသွားရသည်..

Reborn  In  1900. S1. {Complete}Where stories live. Discover now