Zawgyi (Ep-11)

4.2K 659 12
                                    

Zawgyi..
Part-11   :  Reborn In 1900

__________

"ဝေ့.. ဖိုးပြည့်..ဖိုးပြည့်ရှိလား.. ဒေါ်ဒေါ်ဆန်း.. အထွေးတို့​ အရီတို့ရော​ မရှိကြဘူးလား.."

    ခြံရှေ့ဆူးဆူးဝါးဝါးအော်ခေါ်နေသော​ ကိုမျိုးမြင့်.. တအိမ်သားလုံးရဲ့နာမည်အား​ စုံစုံလင်လင်အော်ခေါ်နေလေသည်..

"ဟုတ်​  ဟုတ်.. လာပြီ​ လာပြီ.. ဘယ်သူလဲခင်ဗျ.."

    သျှမ်က​ အိမ်အပေါ်တက်ကနေ​ ကဗြာဆင်းလာခါ​ ခြံဝရှေ့မှာရပ်နေသော​ လူဆီအပြေးသွားရသည်..

"ဟေ.. ဖိုးပြည့်.. မင်း​ဟုတ်ရဲ့လားကွ တယ်.. စကားတွေပြောနေတာလား..! "

တဖတ်လူရဲ့ အံ့ဩသံစကားဝါကျအောက်တွင် သျှမ်က​ အူကြောင်ကြောင်လေးနဲ့​ ခေါင်းလေးစောင်းခါ​ ပြန်ကြည့်သည်...။ မျက်လုံးလေးပုတ်ခက်ပုတ်ခက်ဖြင့်​ ထိုလူအား​ အကဲခက်ကြည့်မိနေ၏... ။

"သျှမ်.. ဘယ်သူလဲ.."

    မမကြီးက​ အိမ်ပေါ်ကနေလှမ်းအော်မေးတော့​ သျှမ်က​ လှည့်ကြည့်မိပါသည်..

     ကိုမျိုးမြင့်က​  မြို့တက်သွားတာ​ လွန်ခဲ့တဲ့​လဝက်ထဲက​ ဖိုးပြည့်ဘာဖြစ်သလဲဆိုတာကိုတော့​ ကိုမျိုးမြင့်မသိပေ.. နောက်ပြီးကိုမျိုးမြင့်ဆိုသူက​ မမကြီးရဲ့​ ငယ်ရည်းစား..ဖိုးပြည့်ငယ်ငယ်ထဲက​ ကိုမျိုးမြင့်​က​တဖက်တလမ်းကနေ​ ထိန်းကျောင်းပေးခဲ့သူ..တနည်းအားဖြင့်​ ကျေးဇူးရှိသူလူတစ်ဦးပေါ့လေ.. ဒါပေမဲ့ အဲ့တာတွေက အမှန်တွေရော ဟုတ်ရဲ့လား!

“.........”

"ဟုတ်တယ်​ ကိုမျိုးမြင့်ရဲ့.. သျှမ်လေးက​ ကိုမျိုးမြင့်​ မြို့တက်သွားပြီး​ နောက်ရက်မှာ​ ခြောက်ကမ်းပါးပေါ်ကပြုတ်ကျတာလေ..နှစ်ရက်လောက်သတိမေ့နေခဲ့တာ..အဲ့နေ့က​ ဆေးဆရာခေါ်ပြီး​ဆေးရုံကြီးကိုပို့ဖို့​ တိုင်ပင်နေတုန်း​ သျှမ်လေးက​ ပြန်သတိလည်လာတာ.."

"မသေကောင်းမပျောက်ကောင်း​ ဘယ်လိုဖြစ်ရတာတုန်းကွယ်.. ဪ​ ဒါနဲ့လေ.. သျှမ်ဆိုတာက.."

"ဪ.. မျိုးမြင့်ကြီးကို​ တခါတည်းပြောရအုံးမယ်.. သားငယ်ကို​ ဒီလပြည့်​ ကထိန်မှာ​ နာမည်ပြောင်းအနေနဲ့ ဆွမ်းကျွေး​လေး​ရယ် စတုဒီသာလေးရယ် လုပ်မလို့​ လာခဲ့ပါအုံး.. နာမည်ကတော့​  ဒီကအမွှေစိန်ကြိုက်တဲ့​ သျှမ်သွေးညီဆိုလား​ ဘာလားဘဲ.."

Reborn  In  1900. S1. {Complete}Where stories live. Discover now