Unicode (Ep-52)

11.8K 969 5
                                    

Part 52
Reborn in 1900.

"ဟမ်.....!... "

"မလိမ်နဲ့ မမငယ်သိပြီးသား.."

"ဟို...ဟို..."

လှိမ့်ပတ်ရန် ဉာဏ်ထုတ်သော်လည်း မအောင်မြင်သဖြင့် သျှမ် မျက်နှာကလေး ညှိုးငယ်စွာ ပြုံးမိသည်..။

"မမငယ်က ဘယ်လိုလုပ် သိသွားတာလဲဟင်.."

"အစကတော့ မမငယ် တစ်အား ဒေါသထွက်ခဲ့တယ်.. ဘာလို့ ဒီလိုမျိုးအချစ်ကြီးနဲ့ ချစ်တာလဲဆိုပြီး တွေးမရခဲ့ဘူး.. ဒါပေမဲ့ နောက်ကျတော့ နားလည်လာတယ်... အချစ်က နောက်ဆုံးတော့လည်း အချစ်တစ်ခုဘဲ ဆိုတာ မမငယ် သိလာတယ်..ပြီးတော့ မင်းက မမရဲ့ မောင်လေးတယောက်ဘဲလေ.."

"အာ မမငယ်..."

အသံသေးသေးလေးနဲ့ ခေါ်လာသည်မို့ မမငယ်က ပြန်၍ ပြုံးပြမိသည်..။

"မမကြီးသိလားဟင်.."

"သိပါ့တော် အဲ့လောက် ဂယက်ထပြီး ဟိုး​လေးတကျော်ကျော် ဖြစ်သွားပြီးမှ သူက မသိဘူးဆိုရင် မမငယ် ငတုံးမလို့ ခေါ်မိမှာ အမှန်ဘဲ.."

"ဟဲ့ ထွေးငယ်..ဘယ်သူကို ငတုံးမလို့ ခေါ်မိမှာလဲ.."

မီးဖိုထဲ ထမင်းချက်နေသော မမကြီးက ယောက်မဆွဲခါ ထမိန်မရင်း ထွက်လာသည်မို့ မမငယ် ဇာတ်ကလေး ပုသွားသည်..။

"ကဲ..ယာထဲဆင်းဖို့ပြင် မေမေကြီးမရှိတာနဲ့... လုပ်ချင်တိုင်းလုပ်ဖို့မကြံနဲ့..."

"သိပါတယ် မမကြီးကလည်း..အခုဘဲသွားမလို့ ပြင်နေတာပါနော်..."

"အာမခံနဲ့ မြန်မြန်လုပ်.."

နှုတ်ခမ်းကလေးထော်ခါ ယာထဲဆင်းဖို့ပြင်နေသော မမငယ်သည် မမကြီးအား ကျေနပ်ပုံမပေါ်... သျှမ်လည်း မမငယ်နှင့်အတူ ယာထဲလိုက်ရန် အိမ်နောက်ဖေးဘက်မှာ ဝါးခမောက်အား လိုက်လံရှာဖွေ နေမိသည်...။

ပြီးတော့လေ.....,

မမငယ်က သခင်လေးနှင့် ရွှေလမ်းငွေလမ်းဖော်သည်ကို ဖျက်ခါ အိမ်တွင်ပြန်၍ နေနေသည်မို့... ထိုကား.... ကျွန်တော့်အတွက်လုပ်ပေးတာဆိုရင် ပိုမှန်လိမ့်မလား....

"ဝေး...ထွေးငယ်.. ထွေးငယ်ရှိလား..."

"ဝိုင်းထဲမှ လှမ်းခေါ်နေသည်မို့ မမငယ်က အိမ်ပြူတင်းပေါက်မှ ဝိုင်းထဲ ငုံ့၍ကြည့်မိသည်..။

Reborn  In  1900. S1. {Complete}Where stories live. Discover now