Unicode (Ep-18)

13K 1.2K 9
                                    

Part-17   :  Reborn In 1900

__________

     သျှမ်တယောက်​ ရေချိုးဆောင်တွင်းသို့  ထဲအပြေးဝင်ခါ တဒုတ်ဒုတ်ခုန်နေသော​ ရင်ခုန်သံကြောင့်​ ဆောက်တည်ရာမရ.. လေးဘက်လေးလံ နံရံတို့အား​ ဟိုပြေးကပ်​ သည်ပြေးကပ်နှင့်​ တကယ့်ပင့်ကူလူသားပင်...

"မဖြစ်ဘူး... အဲ့လောက်ထိအသံမြည်ရလား.. ဘာလဲ​ နင်က​ ချိန်ကိုက်ဗုံးမို့လို့လား​ ဦးတည်ကြားသွားရင်တော့​ ဒုက္ခပါဘဲကွာ.."

    ကိုယ့်နှဖူးကိုယ်​ လက်ညှိုးဖြင့်တွန်းထောက်ခါ​ မြေအိုးငယ်တွင်းက ရေတွေကို​ လက်ဖြင့်တစ်ဖက်ဖက်ရိုက်လို့... တော်ရုံနဲ့​ ရေချိုးဆောင်ထဲကမထွက်လာသေးတာကြောင့်​ အဖွားနန်းစောက​ ရွှက်ဖျင်တံခါးအား ​ခေါက်ခါ​ လာ၍ပင်မေးရသည်အထိ..

      ညနေစာစားတော့လည်း​ ထမင်းလုပ်ကပါးစပ်ထဲမဝင်ပါလေ.. ပန်းကန်ထဲက​ ငါးဖယ်ကိုသာ​ ဇွန်းနဲ့​ ချေမွှလို့​ အသိစိတ်ကတော့​ ဦးတည်ရဲ့​ နှလုံးသားထဲအလည်တခေါက်..

"ဟိတ်.. အမွှေစိန်.. ထမင်းမစားဘဲဘာလုပ်နေတာလဲ.."

     ဦးတည်က​ ကျွန်တော့်ကို​ နှလုံးသားလေးထဲကနေကန်ထုတ်လိုက်ပါသည်.. နှုတ်ခမ်းလေးထော်ခါ​ ဦးတည်အားမော့ကြည့်တော့​ သူက​ ထမင်းစားရန်ပန်းကန်အားမေးဆက်ပြသည်..။

ထိုအခါမှ​ ကိုယ့်ပန်းကန်ထဲကိုငုံ့ကြည့်တော့​ ငါးဖယ်က​ ဇွန်းနဲ့ချေမွှထားလို့​ ရစရာမရှိကြေမွလို့.. ကိုယ်တောင်​ ထိုငါးဖယ်အား​ အားနာသလိုဖြစ်ရပြ၏။..

     ထမင်းစားပြီးတော့​ ဦးတည်က​ ကျွန်းစတီခုံပေါ်မှာ​ နိုင်ငံခြားဖြစ်​ စာအုပ်တအုပ်ကိုကိုင်ခါ ဖတ်လို့.. သျှမ်​ ရောသောပေါသောဖြင့် ဦးတည်ရဲ့ခပ်လှမ်းလှမ်းမှာ​ဝင်​ထိုင်​ခါ​ ၎င်းနည်းတူ​ မဂ္ဂဇင်းစာအုပ်တစ်အုပ်ကိုယူသည်.။ မျက်နှာနား၌တေ့ခါ​ မျက်လုံးပေါ်ရုံသာချန်ရင်း​ ခြေချိတ်ထိုင်ခါစာဖတ်နေသော​ ဦးတည်အား​ ချောင်းကြည့်မိပါသည်..

"ဟိ..ချစ်စရာကြီး​ ဆွဲဆက်ညှစ်ပစ်လိုက်ရ.."

  အသံတိတ်စိတ်ထဲကနေသာရေရွတ်မိပါသည်.. မျက်နှာကပြုံးစိစိရယ်.. စာအုပ်ကို​ မျက်နှာပေါ်ဖိကပ်ရင်း​ အသံရှူသံလေးကိုခပ်ပြင်းပြင်းရှူမိသည်.. ကိုယ်​ ဗရုပ်ထနေတာကို​ သူကရိပ်မိသွားသလားဘဲ... လက်ထဲကစာအုပ်ကိုပေါင်ပေါ်မှောက်တင်ခါ​  ခပ်တည်တည်ကြည့်လာတော့​ ဟန်ဆောင်မကောင်းသောကျွန်တော်က​ လူမိလေသည်..

Reborn  In  1900. S1. {Complete}Where stories live. Discover now