Unicode (Ep-24)

11.8K 1.1K 2
                                    

Part-24   :  Reborn In 1900

__________

"အမလေး​.. ဒါမျိုးက​ အခန့်မသင့်ရင်​ ပါးရိုက်တာမျိုးတို့​ ဆွဲထိုးတာတို့ခံရနိုင်တယ်..ဟူး..."

    ရေရွတ်သံနဲ့အတူ​ သက်ပြင်းချသံက​ တွဲလျှက်ပင်.. ကချင်ရိုးရာထည် ချည်လွယ်အိပ်လေးကိုပုခုံးပေါ်မှာချိတ်လျှက်​  လက်တို့က​ ရင်ဘက်ပေါ်ဖိကပ်ထားခြင်းခံရလေသည်.. ရင်ထဲတဒုန်းဒုန်းငလျှင်လှုပ်နေသောဒင်းကလည်း​ အရှိန်မသက်သေးပေ..

    ထို့နောက်​ တိတ်ဆိတ်ခြောက်သွေ့လှသော စာအုပ်န့ံများ ခပ်ထွေးထွေးရောနှောနေတဲ့ စာအုပ်စင်ကြီးများကို ​တွေ့ရသည်။ ဆယ်ယောက်ထက်မနည်းသော မြန်မာ အမျိုးသား အမျိုးသမီးများသည် ထမိန် ရင်ဖုံး အကျႌတို့နှင့် ယဉ်ယဉ်လေး ထူးခြားနေသည်..။

မမြင်စဖူး ဟိုကြည့်ဒီကြည့် စူးစမ်းမိလေသည်..။ ကောင်းလိုက်တဲ့ အဆောက်အဦကြီး နယ်ချဲ့တို့ ဆောက်လုပ်ထားတဲ့ မြန်မာနိုင်ငံက နိုင်ငံခြားဖြစ် အဆောက်အဦတွေကလည်း ယခင်ကတည်းက တယ်ခမ်းနားတာကိုး.. သျှမ် ခေါင်းလေး တညှိမ့်ညှိမ့်နဲ့ရှေ့ဆက်လာတော့ ဂျော်နီတို့ကိုတွေ့သည်.. သူက လက်ယက်ပြလို့...ကိုယ်လည်း လက်ပြန်ပြရင်း သူတို့အနားချည်းကပ်လိုက်သည်..

အချိန်ဆွဲမနေဘဲ​  ခြေလှမ်းတို့အား​ အရှိန်တင်ခါ ထိုနေရာလေးဆီသို့​ လျှောက်လှမ်းလာခဲ့မိစဉ်....

"ဒုတ်..."

"အ့..."

    ကိုယ့်ခေါင်းနှင့်​ သူ့ပုခုံးက တန်းတန်းမက်မက်... အရှိန်ပါလေသောကြောင့်​ အနည်းငယ်တော့​ သျှမ့်​ နှာရိုးနာသွားရလေသည်.. နှာခေါင်းလေးပွတ်ခါ​ မျက်နှာလေးရှုံ့တွရင်း​ ပြန်လည်မော့ကြည့်တော့​ ကိုယ့်အား​ အသေအချာစိုက်ကြည့်နေသော​ လူတယောက်..

ရှည်လျားသော​ မျက်တောင်တို့က​ အိကျခါ​ မျက်စံနက်နက်တို့ပင်​ ဖုံးကွယ်လုနီးပါး​ နှာတံစင်းစင်းတစ်လျှောက်​ မြစ်ဖျားဆုံးရာ​ နှုတ်ခမ်းခပ်ရဲရဲက​ မထူမပါးသော​ ပုံစံအားရည်ညွှန်းပြသည်.. ထင်ပေါ်သော​မေးရိုးသည်လည်း​ စိမ်းမြမြ​ ပါးသိုင်းမွှေးတို့နှင့်က​ ကြည့်ကောင်းသည့်​ အမျိုးသားတွေရဲ့စာရင်းထဲ ပါချင်ပါလိမ့်မည်... ။

Reborn  In  1900. S1. {Complete}Where stories live. Discover now