Unicode(Ep-40)

11.6K 1.1K 25
                                    

Zawgyi...
Part 40 : reborn in 1900.

မနက်မိုးလင်းတော့ ဘေးနားမှ လူအချို့ရဲ့ စကားသံကို ကြားလိုက်ရသည်။ရှင်းရှင်းလင်းလင်း ကြားရသည်မဟုတ်ပါဘဲ ပြတ်တိပြတ်တောင်းရယ်..
စကားပြောနေကြတာတော့ ဟုတ်ပါရဲ့ ဒါမဲ့ သူတို့ ဘာတွေပြောသလဲ ဘာအကြောင်းအရာကို ဆိုလိုနေသည်သလဲဆိုတာကိုတော့ သဲသဲကွဲကွဲမကြားရပေ...။
ထိုအချဉ်းအရာသည် ခဏမျှသာ ဖြစ်လေသည်..။

​လေးပင်နေသောမျက်လုံးတို့ကို အသာဖွင့်ကြည့်ရန်အတွက် မနည်းအားယူလိုက်ရသည်..။ပထမဦးဆုံး မြင်မြင်ရသည့် ကျပ်ခိုး အပြည့်နှင့် ခေါင်မိုးသည်  ပကတိပင် အမြင်ဆိုးလှသည်...။ဒါပေမဲ့ သူကတော့ ကြေနပ်မိသည်..။
ငါ အခုထိ ဒီနေရာလေးမှာဘဲ ရှိနေတုံး ဟူသည့် အတွေးလေးနဲ့တင် အတော်ကို ပီတိဖြာမိသည်...။

တစ်ဆိတ်.....

အခု ငါအိမ်မှာလား... မနေ့က ဟိုခွေးကောင်နဲ့ကိစ္စက.. ဘာတွေဖြစ်သွားပြီလဲ...ငါ့ကို ဘယ်သူကများ အိမ်ပြန်ပို့ပေးထားတာလဲ... အဲ့လူကရော ဘယ်သူလဲ...

နိုးနိုးချင်း ဦးစွာ ခေါင်းထဲ အသိစိတ် ဝင်လာသည်က ထိုအဖြစ်အပျက်တို့ပင်ဖြစ်လေရော့... စိတ်က မကြည်မလင် မရွှင်မပြဖြစ်ခါ လူကငေါက်ခနဲ အိပ်ယာမှ ထထိုင်လိုက်သည်။

"ဟယ်...သားငယ်လေး နိုးလာပြီ..."

မေမေ့ရဲ့ စိုးထိပ်တကြီး အော်ခေါ်သံ..ဘေးက အကြည့်ကိုယ်စီနဲ့ မိမိကိုအာရုံပြုလာသော လူတစ်ချို့...

"မေမေ...သား ဘာဖြစ်တာလဲဟင်.."

"သားငယ်လေးရယ်..ဖြစ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်းကြီးဘဲ.."

"ဘာ..ဘာဖြစ်လို့လဲဟင်.."

လူက ချွေးစေး ပြန်ခါ အနည်းငယ် လန့်နေသည်။မတော်လို့ ထိုအကြောင်းကိုသာ မေမေသိခဲ့လျှင် ဆိုသောအတွေးက..

"ဘာဖြစ်ရမှာလဲ...မနေ့ကပေါ့..."

"အင်း..."

မေမေ့စကားကို အလောတကြီးဝင်ထောက်သည်။

"မနေ့က ယာခင်းထဲ မေ့လဲလို့လေ..."

"ဗျာ..သားတယောက်ထဲလား..အခြားဘယ်သူ..."

Reborn  In  1900. S1. {Complete}Where stories live. Discover now