Unicode (Ep-26)

10.8K 1.1K 5
                                    


Part - 26 : Reborn In 1900.

.................

"ဟင်း...အင်း...ချမ်းတယ်..."

"ကျစ်...ဒုက္ခပါဘဲ..ကလေးကဖျားပြီ.."

စိုးရိမ်မကင်းလှသော စိုင်းရဲ့အသံသည် အနည်းငယ်တော့ ပြာယာလှပါသည်...။ကုတင်ပေါ်ခွေခွေကလေးအိပ်ပျော်နေသော ကလေးငယ်ကမူ လောကကြီးနှင့်အဆက်အသွယ်ဖြတ်တောက်ထားလို့..

ဒေါက်..ဒေါက်..ဒေါက်

"ဝင်ခဲ့..."

ညှင်သာစွာ တံခါးခေါက်သံတစ်ခုအား စိုင်းတည်တ့ံကြားလိုက်ရသည့်အခါ ခပ်မြန်မြန်ပင် အခန်းအပြင်ကလူကို အထဲဝင်စေသည်။

"သခင်လေး...သမားတော်က...."

"ဘာဖြစ်လဲ သမား​တော်က ဆက်ပြောလေ..အဖွားစောရဲ့.."

စိတ်မရှည်တော့သည့် စိုင်းက အဖွားစောအား တစ်ချက်ဖိဟောက်လိုက်သယောင်..

"ဟို..သမားတော်က နယ်ပြန်သွားလို့တဲ့..ပင့်လို့မရခဲ့ပါဘူး သခင်လေး.."

"ဟာ..ဘယ်ဖြစ်မလဲ..သွား..အခြားတယောက်ယောက်ကို ဖိုးမောက်ကိုရှာခိုင်း..သမားတော်မပါမလာမချင်း အိမ်ပေါ်ပြန်မလာခဲ့နဲ့လို့ပာပြောလိုက်.."

"ဟုတ်..ဟုတ်ကဲ့ပါ.."

စကားမပီသော တိုင်းရင်းသူ အဖွားစောက စကားတို့ကို မပီပြင်စွာ ပလုံးပထွေးပြောရင်း အခန်းထဲမှခပ်သုတ်သုတ်ပြန်ထွက်သွားလေသည်။

ထို့နောက်မှာတော့ စိုင်းတည်တ့ံတစ်ယောက် ကောင်ငယ်လေးရဲ့ နှဖူးပေါ်က ရေစိုအဝတ်ကို အသာမဖယ်ပစ်လိုက်သည်။

"ဦးတည်..."

"ဟင်..ပြောလေ..."

"ကျွန်တော်က..ရ..ရပါတယ်..ကျန်းမာတယ်.."

ဒီလောက်ကိုယ်တွေ မီးခဲလိုပူခြစ်တောက်နေတာတောင် ဒင်းလေးက အပြောမရှော့သေးပေ...

"အင်း...ကျန်းမာပါတယ်..ဒါပေမဲ့ ဒီ့ထက်ပိုပြီး ကျန်းမာနေရမှာလေ..."

"အင်း.."
အသံကလေးက ရော့ရဲရဲလေးရယ်...

"ဒါနဲ့လေ...ဦးတည်က မမငယ်နဲ့ ဘယ်တော့ လက်ထပ်ကြမှာလဲဟင်..."

"ဟင်..."

"အဟက်..အဟက်ဟက်..ဦးတည်ရယ် ကျွန်တော်ကလေ လေတိုက်ရာအရပ်ပါသွားတဲ့တိမ်စလေးလိုပါဘဲ... ကျွန်တော့်ဘဝက ခက်ခဲတယ် ကြမ်းတမ်းတယ်..အနာဂတ်မရှိဘူး ကျွန်တော့်မှာရှေ့ဆက်ဖို့ ခွန်အားတွေလည်းမကျန်တော့ဘူး.."

Reborn  In  1900. S1. {Complete}Where stories live. Discover now