Unicode (Ep-22)

11.9K 1.1K 5
                                    

Part-22  :  Reborn In 1900

__________

 
    ရုပ်ပုံကားချပ်ရှေ့မှာ​ လာရပ်နေသော​ စိုင်းတည်တ့ံသည်​ ထိုပန်းချီကားအား​ ကြည့််စေချင်သည့်စိတ်​ မပေါ်လွင်သောကြောင့်​  သျှမ်​ နားလည်သဘောပေါက်စွာ​ ပြုံးပြရင်း​ အခန်းအပြင်ထွက်လာခဲ့သည်...

     ဘယ်လိုဘဲဖြစ်ဖြစ်​ ထူးစမ်းသည်ဟု​ ခံစားနေရသောကြောင့်​ စိတ်ထဲ​ အတိမ်အကျမကောင်းပေ.. တခုခုတော့​ တခုခုပင်ဖြစ်လေသည်...။

     ...........

" သားသားလုံးလုံး.. သားသား.. မေ့သားသား.."

     သျှမ်ညီသွေးအိပ်ယာမှကမူးကတူူ​းထခါ  မျက်လုံးဖွင့်ကြည့်တော့ ပါးလေးကိုကိုင်ခါ​ အိပ်ယာနှိုးနေသော​မာမီ့ပုံစံသည်​  လိုက်ကာကို  နေရောင်ဖောက်သောကြောင့်မျက်နှာတို့သည်​ ဖြူလွစွာ​ ရောင်ပြန်ဟပ်နေသည်..

"ဟင်..."

"ထတော့လေ.. မာမီတို့​ နောက်ကျနေပြီ.. "

" ဟင်.. ! ဘယ်ကိုလည်းမာမီ... သားဒီကို​ ဘယ်လို... မဖြစ်နိုင်တာ.."

"ထ.. ရေချိုးတော့...သွားရတော့မယ်မှလား.."

"ဘယ်ကိုသွားမလို့လဲဟင်.. ဘယ်ကိုသွားရမှာလဲ​ မာမီ.."

    မာမီသည်..ပြုံးပြုံးလေးနှင့် ကုတင်ပေါ်ကဆောင်အဖြူအားခေါက်သိမ်းနေသည်.. သျှမ်ညီသွေးကတော့​ ကုတင်ပေါ်ဒူးတုပ်ထိုင်ခါ​ သူ့အမေအား​ ကြောင်ကြည့်လျှက်..

" အပြင်းလေး.. ထတော့.. အူကြောင်ကြောင်လုပ်မနေနဲ့.. "

" မာမီ.. သားကိုပြောပါအုံး​ သားဒီကိုဘယ်လိုရောက်နေရတာလဲ.. မာမီရယ်​ သားကိုပြောပါအုံး.."

"ဘယ်လိုရောက်ရမှာလဲ.. မေ့သားသားကို​ ဘုန်းကြီးပင့်ပြီးခေါ်ထားရတာပေါ့.."

"ဗျာ...! "

    မေမေ​သည်​ အပြုံးထုကြီးနဲ့  ပြုံးပြလေတော့​ သျှမ်​ သေလောက်အောင်ကြက်သီးထသွားရလေသည်.. လိပ်ပြာတွေတောင်လွင့်မတက်​ ရင်ထဲဗလောင်ဆူသွားရသည်..

" ကဲ.. အခု​.. မေ့သားလေးနဲ့ခွဲရတော့မယ်.. သားကောင်းကောင်းမွန်မွန်သွားနော်.. "

Reborn  In  1900. S1. {Complete}Where stories live. Discover now