Zawgyi (Ep-10)

4.3K 711 7
                                    

Zawgyi..
Part-10   :  Reborn In 1900

__________

    မနက်က​ ၆ နာရီထိုးနေပြီ..ယာထဲဆင်းသူများကလည်း​ ဆင်းကြ.. လက်ဖက်ရည်ဆိုင်ဖွင့်တဲ့သူတွေက​ ဖွင့်ကြနှင့်​  ရွာထဲမှာ​ လူတွေကဟိုတစ်စဒီတစ်စ​ လှုပ်ရှားသွားလာလျှက်..

     လှိုင်းထနေသောရေဒီယိုမှ ခပ်လွင့်လွင့်လေးလာသော တရားသံသည် ဟိုးကမြင်နေရသော လက်ဖက်ရည်ဆိုင်လေးထံမှ ဖြစ်ကောင်း ဖြစ်လိမ့်မည်..။

      စိုင်းတည်တံ့​ ဒီတခေါက်တော့​ ကားမယူလာတော့ပေ.. မနက်စောစော​ လမ်းထလျှောက်ချင်တာကြောင့်လဲပါသည်..ဖြူသောအသားတို့၌ ခရမ်းရင့်ပုတ်ပုတ်​ အကွက်စိပ်စိပ်လူငယ်ဆင်ပုဆိုးနှင့်​ နိုင်ငံခြားဖြစ်​ ရှပ် လက်တို​ ခရမ်းရင့်ရောင်က​ အပေါ်အောက်​ လိုက်ဖက်ညီပါသည်..ပြည်တွင်းဖြစ်​ မန္တလေးကသီးသန့်မှာယူချုပ်ထားသော​ ကတီပါ​ဖိနပ်နှင့်​ အတော်လေးကို​ ချောမောတောက်ပြောင်ခါ​  ခန့်ညားနေသော​ ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်လေးပင်..

     သူကြီးဦးစိန် အိမ်ဝိုင်းသို့​ စာရင်းစာအုပ်တစ်အုပ်နှင့်အတူ​ ဝင်ဝင်လာခြင်း​ မြင်လိုက်ရသည့်မြင်ကွင်းကားမနှစ်မြို့စရာ... နှစ်​ယောက်သား​ ပူးကပ်ခါ​ ခြေထာက်ထိပ်တုံးခပ်လျှက်​ မြေပြင်ပေါ်အိပ်ပျော်နေသော​ အမွှေစိန်နဲ့​ အခြားကောင်လေးတစ်ဦး..

    စိုင်းတည်တံ့​ မျက်ခုံးကြုတ်ရင်း​ ခေါင်းတွင်တွင်ခါမိသည်.. ထို့နောက်​ သူကြီးအားခေါ်ခါ​ မယ်မယ်ခိုင်းသော​  စပါးခင်းက​ အထွက်နှုန်းနှင့်​ ပဲခင်း​ ကြက်သွန်ခင်း​ အာလူးခင်း​ စသော​ ပဲပြောင်း​ စိုက်ခင်းတို့ရဲ့​ စာရင်းအား​ လာကောက်ယူချင်းဖြစ်လေသည်..

     ရွာထဲက​ လယ်ကွက်နှင့်​ အခြားစိုက်ခင်း​ တော်တော်များများဟာ​ ဒီစော်ဘွား ရှမ်းမျိုးရိုးတွေသာပိုင်သည်မို့​ ကြီးကျပ်ပေးသူ​ သူကြီးအား​ စာရင်း​အခွန်​ ကောက်ခံခိုင်းထားခြင်းဖြစ်လေသည်..

စကားပြောနေရင်းမှ ကောင်လေးစီအကြည့်ရောက်တော့ တဖတ်ကောင်လေးက သူ့အမွှေစိန်ရဲ့ပါးကို ထိကိုင်ဖိုကြိုးစားနေတာ ချောင်းဟန့်ခါ မျက်လုံးပြူးပြလိုက်မှ ဒင်းက အသိတရားဝင်သည်။ ဘယ့်နှယ့် လူမြင်မကောင်း....

Reborn  In  1900. S1. {Complete}Where stories live. Discover now