Zawgyi (Ep.32)

2.5K 402 9
                                    

Zawgyi...

စိုင်းတည်တံ့တယောက် အမွှေစိန်ကို ထိုလူအုပ်ထဲမှ အတင်းဆွဲထုပ်လာမိသည်အထိ...မူးပြီး တခြားလူရဲ့ ပေါင်ပေါ်မှာအိပ်ပျော်နေသော ကောင်လေးသည် အပူအပင်ကင်းရှင်းလှပါသည်။

အဖွားစောကတော့ လူကြီးမို့ရော နားနားနေနေနေချင်ပြီဖြစ်သောကြောင့်ပါ
ညဥ့်မနက်ခင်ကတည်းက. အဆောင်တန်းသို့ပြန်အနားယူလေပြီ...

ကျန်သော လူငယ်တချို့ကတော့ မူးရူးခါ အပြိုင်းပြိုင်း လဲကျလို့...

"ကျစ်...ဒီကလေး..ငယ်ငယ်က အတိုင်းဘဲ..လူတွေ့တာနဲ့ ပျော်နေရောဘဲ..ကျစ်! "

ဟုတ်တယ်..စိုင်းတည်တံ့နဲ့ သူ ကလေးဘဝက စုံခဲ့ဘူးပါသည်။အဲ့အချိန်တုန်းက စိုင်းတည်တံ့က အထက်တန်းနှစ်
သျှမ်က ၆နှစ်သားကျော်ကျော်လေးဘဲရှိသေးတာ..

ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်း​လေးနဲ့ ကလေးလေးမို့ စိုင်းတည်တံ့ ကျောင်းအသွားအပြန်တိုင်း ထိုကလေးကိုခဏခဏ ပွေ့ယူ ချီခဲ့မိဖူးပါသည်။
ထိုကတည်းက လူမကြောက်တက်သော ကလေးငယ်က မျက်နှာချိုပြီး လူချစ်လူခင်လည်းပေါခဲ့သား....

"အမွှေစိန်..ထစမ်း..လမ်းလျှောက်နိုင်လေသလား.."

"ဟင်း...လူဆိုးကြီး..သွား. ဟီးဟီး..."

ယောင်ယမ်းခါ ဆိုင်းရဲ့လည်ပင်းကို ခိုတွဲဖတ်လာသောကြောင့် စိုင်းတည်တံ့တစ်ချက်ပြုံးမိသည်။

"ဒီအရူးကောင်လေး ကျစ်...."

စိုင်းတည်တံ့ အသာအယာပင် သျှမ့်အား ပွေ့ချီရင်း ရင်ခွင်ထဲ အရောက်ပို့ထားမိပါသည်။

ငယ်ငယ်တုန်းကနည်းတူ ခန္ဓာကိုယ်လေးသည် နွေးထွေးနေဆဲပင်...။ထိုကောင်လေးက အချစ်ခံလူတန်းစားလို့ပင်ပြောရမလား။..အခုထိလည်း လူတိုင်းရဲ့အချစ်ခံ လူတန်းစားလေးပင်ဖြစ်လေသည်။တရွေ့ရွေ့နဲ့အိမ်ပေါ်သို့တက်လာခဲ့လိုက်တာ အမွှေစိန့်အခန်းရှေ့ပင်ရောက်ချေပြီ...။

ကုတင်ပေါ် အသာအယာပင် ပွေ့တင်လိုက်တော့ ထိုကလေးက မျက်ဝန်းနက်နက်လေးတွေကို ပုတ်ခက်ပုတ်ခက်လုပ်ရင်း နိုးလာခဲ့သည်။

Reborn  In  1900. S1. {Complete}Where stories live. Discover now