Unicode (ep 4)

16.6K 1.6K 14
                                    

Uni...
Part-4 : Reborn In 1900.

________

လူကြီးတွေက​ လက်ထပ်မင်္ဂလာပြုရန်အတွက်​ တဖတ်လူကြီးတွေရဲ့လာရောက် ဆွေးနွေးခမ်းမှာ​ ပြင်းရိပြင်းတွဲဖြစ်နေသော​ သျှမ်​ တစ်ယောက် ကျွန်း​ကုလားထိုင်ကြီးပေါ်​ ထိုင်နေသည်မှာ​ ဖင်က​ အောက်ပြုတ်ကျတော့မည်... ဒီလိုပုံအတိုင်း​ ဆက်၍ သာထိုင်နေအုံးမယ်ဆိုရင်​ သေချာပေါက်​ ဒီကောင်လေး ထိုင်ခုံပေါ်ကပြုတ်ကျတော့မည်မှလား..

"မောင်ငယ်လေး​ အထိုင်ပြင်စမ်း.."

မမငယ်က​ ပေါင်ကိုလက်နဲ့တို့ခါ​ သတိပေးလိုက်ရသည်။ ဒါကိုမြင်သွားသော​ သခင်မကြီးက​ ပြုံးခါ​ လှမ်းမေးလာသည်..

"မမ​ဆန်း​ ဒါလေးက​.. အငယ်ဆုံးလေးလား.."

"ဟုတ်ပါ့​ အငယ်ဆုံး​ အချစ်တုံးလေ.."

ကိုယ့်အား​ မေးလာပြီဆိုတော့​ သျှမ်တယောက်​ ကိုယ်ထင်ပြရတော့မည်.. အစောပိုင်းကတော့​ မသိချင်ယောင်​ မမြင်ချင်ယောင်ဆောင်ခဲ့သော​ ထိုစော်ဘွားမကြီးအား​ ပြန် ၍ လက်စားချေရန်​ အခါသင့်ပြီမို့..

" ကျွန်တော်က​ သျှမ်ညီသွေးပါ.. အိမ်မှာကျွန်တော့်အပြင်​ ဘယ်သူမှငယ်တာမရှိတော့ဘူး​လေ ဪ​ ဪ အိမ်က​ မဲပြာမကြီး​ သူတော့ငယ်မယ်ထင်တယ်.."

သျှမ့်စကားကြောင့်​ သခင်မကြီးနန်းထိပ်ထားက​ မျက်မှောင်ကြုတ်မိသည်..သျှမ် ဆိုလိုသည်ကို သူမကောင်းကောင်းနားလည်တက်ကျွမ်းနေသည်မို့လို့ဘဲလေ... ဘေးကသခင်ကြီးဦးစိုင်းနောင်ကတော့တဟက်ဟက်ရယ်လျှက်..

ထိုအခြေအနေကြောင့်​ မမတို့​ မေကြီးတို့က​ သျှမ့်အား​ လှမ်းကြည့်ခါ​ ဘာမှမလုပ်မိ​ မပြောမိစေရန်ခေါင်းခါအချက်ပြသော်လည်း​ သျှမ်က​ မသိချင်ယောင်ဆောင်ခါ..

"သျှမ်ညီသွေးတဲ့လား​ နာမည်လေးကအထူးစမ်းသလို​ လူကလည်း​ ထူးစမ်းပါ့..." ဟူ၍ ဦးစိုင်းနောင်က စကားစွက်လာသလို

"ဒါနဲ့​ မမဆန်း​ ကျမကြားမိတာ​ အငယ်ဆုံးကောင်လေးက​ အ, အလေးဆို.."ဟူ၍လည်း ဒေါ်နန်းထိပ်ထားက အပြုံးကလေးနှင့် ရွဲ့ရွဲ့ပဲ့ပဲ့ပြော၏..

Reborn  In  1900. S1. {Complete}Where stories live. Discover now