အခန်း (727)

857 140 3
                                    

လူသားသစ္စာ 53

အခန်း (၇၂၇)  :  အထက်ဘုံ၏ အမိန့်မှာတမ်း

မှုန်မှိုင်းမှိုင်း လေထုကို ခံစားမိပြီး ဝမ်ဟို့က မြန်မြန် ရှေ့ထွက်လာကာ လက်နှစ်ဖက် ယှက်လျက် “ အကြီးအကဲစုရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့ ဖင်းဖန်မှာ အကြီးအကဲစုကို တွေ့ရလိမ့်မယ်လို့ ထင်မထားမိဘူး။ တကယ်ကို တွေ့ရတာ ဝမ်းသာပါတယ် ”

မိုဝူကျိက စုကျီအန်းတို့ကို ဝမ်ဟို့ကို မိတ်ဆက်ပေးပြီးခါစ ဖြစ်သောကြောင့် စုကျီအန်းက ဝမ်ဟို့အား မမှတ်မိပေ။ တျန်းဂျီဂိုဏ်းက မည်မျှဆိုးရွားစေခဲ့ကာမူ ဂိုဏ်းတစ်ခု ဖြစ်ခဲ့ပြီးတော့ စုကျီအန်းမှာ ဂိုဏ်း၏ မဟာအကြီးအကဲ ဖြစ်ခဲ့ဖူးသည်။ တစ်ဖက်တွင် ဝမ်ဟို့က မြို့စားတစ်ယောက် ဖြစ်သော်လည်း အဆိုးရွားဆုံး အင်မော်တယ်နယ်မြေမှ အဆင့်နိမ့် အင်မော်တယ်မြို့စားမျှသာ ဖြစ်၏။

မိုဝူကျိက ပြောလိုက်သည်  “ အတိတ်ကို ထားလိုက်ပါတော့။ အခု ညာဘက်ရုံးဝေ တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတာနဲ့ ကျုပ်တို့တွေ မဟာဓားလမ်းစဉ်ဂိုဏ်းဆီ သွားကြမယ်။ အကြီးအကဲစုက ဝမ်ဟို့တို့ နေရာချထားဖို့ ကူညီပေးလိုက်ပါဦး။ အခုကစပြီးတော့ ဝမ်ဟို့က ကျုပ်တို့ ဖင်းဖန်ရဲ့ လူသားနယ်မြေ တာဝန်ခံပဲ …. ”

“ ဟုတ်ကဲ့ပါ ဂိုဏ်းချုပ် ..” စုကျီအန်းက တက်တက်ကြွကြွ ပြန်ဖြေလိုက်သည်။

ဝမ်ဟို့က စိတ်ထဲ စိတ်လှုပ်ရှားမိသွားသည်။ သူက စုကျီအန်း၏ အဆင့်အတန်းကို သေချာသိပေရာ စုကျီအန်းသည် အင်မော်တယ်အုပ်စိုးသူ နောက်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပြီး တျန်းဂျီဂိုဏ်း၏ မဟာအကြီးအကဲတစ်ဦးလည်း ဖြစ်ခဲ့သေးသည်။ ယခု မိုဝူကျိ၏ ဂိုဏ်းသို့ ရောက်နေလေသည်။ ဖင်းဖန်တွင် ရှိနေသော သိပ်သည်းလွန်းသည့် အင်မော်တယ်ဝိညာဉ်စွမ်းအားများ ရှိနေသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ဤနေရာမှာ  တာအိုတော်ဝင်မြေ တစ်ခု ဖြစ်ပေသည်။ မိုဝူကျိ ကိုယ်တိုင်ပင် အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်နေလေရာ ဖင်းဖန်သည် အင်မော်တယ်လောကတစ်ခုလုံးကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မည်။

လူသားသစ္စာ (701-900)Where stories live. Discover now